ရက်ကလစ်ဖ်သည် အစုရှယ်ယာအနည်းစုကို မျက်စိကျနေချိန်မှာ မန်ယူပရိသတ်တွေ ရှင်းလင်းပြတ်သားမှုကို လိုလား

ရက်ကလစ်ဖ်သည် အစုရှယ်ယာအနည်းစုကို မျက်စိကျနေချိန်မှာ မန်ယူပရိသတ်တွေ ရှင်းလင်းပြတ်သားမှုကို လိုလား
Photo: EPA

ဗြိတိန် ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ်ဟာ ကလပ်မှာ အစုရှယ်ယာ အနည်းစုကို ရယူဖို့ စီစဉ်နေချိန်မှာ အင်္ဂလိပ်ဘီလူးကြီးတွေရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိစေဖို့အတွက် မန်ချက်စတာယူနိုက်တက် ပရိသတ်အဖွဲ့က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အမေရိကန်ဂလေဇာမိသားစုက ၎င်းတို့ဟာ ကလပ်ရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့အတွက် ရွေးချယ်စရာတွေထဲမှ တခုဖြစ်တဲ့ အပြည့်အဝရောင်းချခြင်းအပါအဝင် "ဗျူဟာမြောက်ရွေးချယ်စရာတွေ"ကို ရှာဖွေနေကြောင်း လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ကြေညာခဲ့ပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီဟာ အကြိမ် ၂၀ ရရှိထားတဲ့ အင်္ဂလိပ်ချန်ပီယံတွေကို ဝယ်ယူဖို့ ကြိုးပမ်းမှုကို နောက်ဆုတ်ခဲ့ကြောင်း ကမ်းလှမ်းမှုနဲ့ နီးစပ်သူ တစ်ဦးက စနေနေ့က AFP ကို ပြောကြားခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ အကြိမ်များစွာ ကမ်းလှမ်းစဉ်အတွင်း တခြားသော ဦးဆောင်သူ တဦးဖြစ်ခဲ့ပေမယ့် ဂလေဇာတွေရဲ့ ကလပ်အတွက် သတ်မှတ်တန်ဖိုး ပေါင် ၆ ဘီလီယံ (ဒေါ်လာ ၇.၂ ဘီလီယံ) ကမ်းလှမ်းချက်နဲ့ ကိုက်ညီမှုမရှိခဲ့ပါဘူး။

ရေနံဓာတုဗေဒပစ္စည်းကုမ္ပဏီကြီး Ineos ကို တည်ထောင်သူ ရက်ကလစ်ဖ်ဟာ အခုအခါ ပေါင် ၁.၃ ဘီလီယံခန့်ရှိ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအတွက် ရယူတော့မှာဖြစ်ကြောင်း BBC က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Ineos ဟာ ၎င်းရဲ့ ရင်းနှီးမြုပ်နှံမှုအတွက် အပြန်အလှန်အတွက် ယူနိုက်တက်နဲ့ စီးပွားရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးရဲ့ အားကစားကဏ္ဍတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂလေဇာတွေဟာ ၂၀၀၅ မှာ ပေါင်သန်း ၇၉၀ ဖြင့် လွှဲယူခဲ့ပြီးကတည်းက ကလပ်အသင်းကို အကြွေးမြီများစွာ တင်စေခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေကြား လူကြိုက်နည်းခဲ့ပါတယ်။

"ဂလေဇာတွေဟာ ပရိသတ်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေတာ ဒါမှမဟုတ် သူတို့ရဲ့ ဦးစားပေးမှုတွေကို အဓိကမထားဘဲ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်နေတယ်လို့ ထင်မြင်ခြင်းက အကောင်းမြင်လွန်းရာကျပါလိမ့်မယ်"လို့ Manchester United Supporters Trust က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါပေမယ့်လည်း အခုအချိန်မှာ အနည်းဆုံးတော့ အသင်းပရိသတ်တွေ မျှော်လင့်ထားသင့်တာက အချို့သော ရှင်းလင်းမှုနဲ့ ဒီလုပ်ငန်းစဉ်ရဲ့ အဆုံးသတ်ကိုပါပဲ။

“ဒါ့အပြင် ရလဒ်က ကလပ်ထဲကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပါဝင်နေရမယ်။ လက်ရှိပဲဖြစ်ဖြစ် ဒါမှမဟုတ် အသစ်ပဲဖြစ်ဖြစ် အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားတခုတည်းအတွက် မဖြစ်စေရပါဘူး။

"မန်ချက်စတာယူနိုက်တက် အကျိုးစီးပွားကို သူတို့ရဲ့ အကျိုးစီးပွားတွေ ရှေ့မှာ ထားဖို့ သက်ဆိုင်သူအားလုံးကို ကျနော်တို့ တောင်းဆိုပါတယ်။"

(AFP)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly