ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ်၊သံ)

By KMN (မဇ္ဈိမ)
14 October 2023
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ်၊သံ)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒီကနေ့ အထိ ကျေးရွာ ဒေသခံ ဦးရေ ၁ဝ,ဝဝဝ ထက်မနည်းတိမ်းရှောင်နေရတယ်လို့ ပုလဲဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဟာ မော်တော်ကားတန်း တွေနဲ့ပုလဲမြို့ကို အောက်တိုဘာလ ၅ ရက်နေ့မှာရောက်ရှိခဲ့တာပါ။ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ ပုလဲမြို့နယ် မြောက်ပိုင်းမှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ယင်းမာပင်ခရိုင်တပ်ရင်း (၁၉) Pale Joker PDF တာဝန်ခံကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN 

#စစ်ကိုင်းတိုင်း
#ယင်းမာပင်ခရိုင်
#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required