စစ်ကိုင်းတိုင်းမှာ လူထုအသိပညာပေး ဖက်ဒရယ်လှုပ်ရှားမှုတွေ ပြုလုပ်နေ

By KMN(မဇ္ဈိမ)
07 October 2023
စစ်ကိုင်းတိုင်းမှာ လူထုအသိပညာပေး ဖက်ဒရယ်လှုပ်ရှားမှုတွေ ပြုလုပ်နေ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ်မှာ လူထု ဖက်ဒရယ်လှုပ်ရှားမှု အနေနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို ဖက်ဒရယ်သင်တန်းတွေ ပို့ချနေပါတယ်။

စက်တင်ဘာလ တလတာအတွင်း ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ် အတွင်းကျေးရွာ ၁၃ ရွာက  ပြည်သူ့အခြေပြုကျောင်း ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ သက်ဆိုင်ရာ ပအဖ၊ ပကဖ ဝင်တွေနဲ့ ပြည်သူ ၃၁၀ ဦးကို ဖက်ဒရယ်နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ မျှဝေ ဆွေးနွေးခဲ့တယ်လို့ လူထုဖက်ဒရယ်လှုပ်ရှားမှု ဦးဆောင်သူတဦးကပြောပါတယ်။

လက်ရှိအောက်တိုဘာ လဆန်းအတွင်း ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ် ကျေးရွာနှစ်ရွာမှာ   လူထုဖက်ဒရယ်လှုပ်ရှားမှုသင်တန်းပေးခဲ့ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း
သိရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly