စပိန်ကစားသမားတွေဟာ နေးရှင်းလိဂ်ပွဲတွေမစခင် သပိတ်မှောက်တာကို အဆုံးသတ်ရပ်နားဖို့ သဘောတူ

By By PKThawn
20 September 2023
စပိန်ကစားသမားတွေဟာ နေးရှင်းလိဂ်ပွဲတွေမစခင် သပိတ်မှောက်တာကို အဆုံးသတ်ရပ်နားဖို့ သဘောတူ
စပိန်အမျိုးသမီးအသင်းရဲ့ ကစားသမားအများစုဟာ သူတို့ရဲ့ သပိတ်မှောက်မှုကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြောင်း အားကစားဆိုင်ရာ စပိန်နိုင်ငံခြားရေးဝန်ကြီး ဗစ်တာ ဖရန်ကို့စ်က ပြောပါတယ်။
 
နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုတေအပြီူ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၀၅း၀၀ မှာ သဘောတူညီမှု ရရှိခဲ့တာပါ။
 
အခုလ နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ခေါ်ယူထားတဲ့ ကစားသမား ၂၃ ဦးအနက် နှစ်ဦးဟာ အသင်းလူစာရင်းကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
 
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)ဟာ "ချက်ချင်းလက်ငင်းနဲ့ လေးနက်တဲ့ အပြောင်းအလဲတွေ"ကို လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြောင်း ဖရန်ကို့စ်က ပြောပါတယ်။
 
RFEF ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့လက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက အင်္ဂလန်ကို အနိုင်ရအပြီးမှာ တိုက်စစ်မှူး ဂျေနီ ဟာမိုဆိုကို အနမ်းပေးပြီးတဲ့နောက် ကစားသမားတွေဟာ သပိတ်မှောက်တာကို စတင်ခဲ့တာဖြစ်ပါတယ်။
 
အလိုမတူဘူးပဲ အနမ်းခံရတယ်လို့ ပြောဆိုခဲ့တဲ့ ဟာမိုဆိုဟာ ရူဘီလက်စ် နုတ်ထွက်စေခဲ့ပြီး စပိန်အသင်းမန်နေဂျာ ဂျော့ ဗီလ်ဒါဟာလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
 
စပိန်အသင်းဟာ သောကြာမှာ ဆွီဒင်၊ အင်္ဂါနေ့မှာ ဆွစ်ဇာန်အသင်းတို့နဲ့ နေရှင်းလိဂ်ပွဲစဉ်တွေကို ကစားရမည်ဖြစ်ပါတယ်။
 
စပိန်အစိုးရရဲ့ အမျိုးသားအားကစားအေဂျင်စီ (CSD) အကြီးအကဲ ဖရန်ကို့စ်က "အသင်းအနေနဲ့ လာမယ့် နှစ်ပွဲကို ကစားမယ်လို့ အာမခံချက်နဲ့အတူ ပြောနိုင်တာက သတင်းကောင်းပါပဲ"လို့ ပြောဆိုသွားပါတယ်။
 
Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly