ပုလဲနယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ် 

By ကိုခင်မောင် (မဇ္ဈိမ)
28 March 2023
ပုလဲနယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ် 

စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်တွင် "သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ" ဘန်နာ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယမန်နေ့ မတ်လ ၂၈ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။ 

ပုလဲမြို့နယ်၊ ပအဖ၊ ပကဖ များနှင့်ပူးပေါင်း၍ ပုလဲလူထုသပိတ်၊ အမျိုးသမီးမဟာမိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းပင်မသပိတ် အဖွဲ့ဝင်များက ပုလဲပြည်သူများနှင့်အတူ စစ်အာဏာရှင်ပြုတ်ကျရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

သပိတ်စစ်ကြောင်းတွင် ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် လူထုသပိတ်ကော်မတီဝင်များက သပိတ်တရားပြောကြားခဲ့ပြီး လူထုသပိတ်အား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။ 
စာတည်း - သန့်ဇော်(သန်လျင်) 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly