ငါန်းဇွန်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူ ၇၀ ကျော်အနက် ၂၀ ကျော်ကို စစ်ကောင်စီ ပြန်မလွှတ်သေး

By ဓါတု(မဇ္ဈိမ)
07 September 2023
ငါန်းဇွန်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူ ၇၀ ကျော်အနက် ၂၀ ကျော်ကို စစ်ကောင်စီ ပြန်မလွှတ်သေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာ ဒေသခံအမျိုးသား ဦးရေ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အနက် ဦးရေ၂၀ ကျော်ကို ငါန်းဇွန်မြို့နယ်သို့ ခေါ်‌ဆောင်သွားပြီး ဆက်လက်စစ်ဆေးနေကြောင်း ‌‌ေဒသေခံများထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက်က ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာတွေင် ဖမ်းဆီးထားသည်ကို အတိအကျ မသိရသေးကြောင်း ဒေသခံများကမဇ္စျိမကိုပြောသည်။

၎င်းတို့ကို စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွင် ဖမ်းဆီးကာ စစ်‌‌ေကာင်စီတပ် တပ်စွဲထားသည့်နန်းတွင်းဘုန်းကြီးကျောင်းတွင်ခေတ္တထားပြီး စက်တင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွင် ဦးရေ ၄၀ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ငွေကြေးချမ်းသာသူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံတဦးကဆိုသည်။

" မနေ့ကကျန်တဲ့သူတွေကို မြို့ပေါ်ခေါ်ပေမယ့် ရုံးလို့ပဲ သေချာသိထားတယ် ။ ဘယ်ရုံးလဲ ရဲစခန်းလားဘယ်နေရာလားဆိုတာတော့အတိအကျမသိဘူး။ သူတို့ကိုပို့ပြီးတာနဲ့ စစ်တပ်က အခုတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကနေ အပြင်မထွက်တော့ဘူး"ဟု ၎င်းက မဇ္စျိမကိုပြောသည်။

ထိုဖြစ်ရပ်ကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်ရှိ သားကျင်ရွာမှ ရွာခံအများစုမှာ နီးစပ်ရာရွာများသို့ ထွက်ပြေးတိမ်းရှောင်နေပြီး တချို့သာ ရွာထဲကျန်ရှိနေကြောင်း ရွာခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးမှု မတိုင်မီ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက သားကျင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်က သားကျင်ရွာ နန်းတွင်းဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲလိုက်ပြီး ရွာခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ရေမတိုက်၊ အစာမကျွေးဘဲ ညှဥ်းဆဲခြင်း၊ တရွာလုံးကိုပိတ်ဆို့ခြင်းနှင့် စစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ခြင်းများ ပြုလုပ်ခဲ့သည်။

"အခုလည်း သားကျင်ရွာနားက ကျောက်တလုံးရွာဘက်ကနေ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ကိုလက်နက်ကြီးတွေချထားပြီးအသင့်အနေအထားနဲ့ပြင်ထားတာတွေ့ရတယ်။ ကာကွယ်ရေးတပ်တွေမြစ်တဖက်ကမ်းကူးမှာစိုးလို့ထင်တယ်"ဟုငါန်းဇွန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။

လက်ရှိ သားကျင်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားသည့် စစ်‌ကောင်စီတပ်အင်အားမှာ ဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ငါန်းဇွန်မြို့တမြို့လုံးတွင် ဖြန့်ကျက်ထားသည့် စစ်ကောင်စီတပ်မှာ ၃၀၀ ဝန်းကျင်ရှိ၍ မည်သည့်တပ်ရင်းဖြစ်သည်ကို မသိရကြောင်း ဒေသခံများ၏အဆိုအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required