အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို NUG တိုက်တွန်း

By လင်းသူရိန် (မဇ္ဈိမ)
06 September 2023
အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို NUG တိုက်တွန်း

ပြည်တွင်းပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေကို လာမယ့်အောက်တိုဘာလထဲမှာ နောက်ဆုံးထားပြီး  မှတ်ပုံတင်ကြဖို့နဲ့ မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က  စက်တင်ဘာလ ၃ ရက်နေ့က ကြေညာပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်စာရင်းသွင်းကြကာ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်ကတည်းက မှတ်ပုံတင်ထားကြတဲ့အေဂျင်စီတွေကို NUG ဆီမှာ လာရောက်မှတ်ပုံတင်ကြ ဖို့ ပြောတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမားတွေပို့ပေးနေတဲ့ အေဂျင်စီစုစုပေါင်း ရာဂဏန်းရှိပေမယ့် ဆယ် ဂဏန်းလောက်ပဲ မှတ်ပုံတင်ထားတာရှိတယ်လို့ NUG ထံက သိရပါတယ်။ ပြည်တွင်းပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့နီးစပ်သူတဦးကတော့ လုံခြုံရေးအခြေအနေတွေအရ NUG ဆီမှာ မှတ်ပုံတင်ကြဖို့ စဉ်းစား နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

တည်းဖြတ်/တင်ဆက်-လင်းသူရိန်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly