စစ်ကောင်စီက ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိ

စစ်ကောင်စီက ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိ

မြန်မာအာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိကြောင်း စစ်တပ်နှင့်နီးစပ်သည့်  နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက အေအက်ဖ်ပီသို့ အင်္ဂါနေ့တွင် ပြောသည်။

“ရွေးကောက်ပွဲဟာ ၂၀၂၅ မှာ ကျင်းပဖြစ်ဖို့ ရှိနေတယ်”ဟု စစ်တပ် ကျောထောက်နောက်ခံသော ပြည်ခိုင်ဖြိုးပါတီမှ အကြီးတန်းတာဝန်ရှိသူတဦးက အေအက်ဖ်ပီသို့ ဆိုသည်။

အခြားသော စစ်တပ် အတည်ပြုသည့် ပါတီမှ အဖွဲ့ဝင်တဦးကလည်း အဆိုပါ သတင်းကို အတည်ပြုသည်။

မည်သို့သော လာမည့် ရွေးကောက်ပွဲမဆို၌ ပါဝင်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီ ၃၆ ပါတီကို ခွင့်ပြုချက် ပေးထားကြောင်း ကျင်းပဖြစ်နိုင်သည့် ရက်ကို အတိအကျ မဆိုဘဲ ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တွင် ပြောသည်။

၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူမှု မတိုင်ခင် “လိုအပ်သမျှ ပြင်ဆင်စရာများ” ကို အကောင်အထည် ဖော်ရန် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းထားကြောင့် နိုင်ငံပိုင် Global New Light of Myanmar သတင်းက စနေနေ့တွင် ဖော်ပြသည်။

ရွေးကောက်ပွဲတရပ်အား သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီမှသာ ကျင်းပနိုင်ကြောင်း အဆိုပါ သတင်းစာက မင်းအောင်လှိုင်ကို ကိုးကားဖော်ပြသည်။

စစ်ကောင်စီ လက်အောက်က ရွေးကောက်ပွဲသည် “ရှက်စရာ” ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောပြီး စစ်ကောင်စီ၏ အတိုက်အခံများကို ပစ်မှတ်ထားလိမ့်မည်ဟု အကဲဖြတ်များက ဆိုသည်။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရသော ၂၀၂၀  ရွေးကောက်ပွဲ၌ ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်လည်မှု ရှိသည်ဟုဆိုလျက် ၎င်း၏ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို တရားဝင်အောင် ပြောဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required