မြိုင်မြို့နယ် ပျူ ရွာ ၂ ရွာ နှင့် ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

By MTO(မဇ္ဈိမ)
24 August 2023
မြိုင်မြို့နယ် ပျူ ရွာ ၂ ရွာ နှင့် ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ တွင်းမပျူရွာ ၊သရက်ကန်ပျူရွာ နှင့် ကိုင်းတောမ ရဲစခန်းတို့ကို မောင်းသူမဲ့ဒရုန်းများဖြင့် အီနာဂါဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှု သုံးခုလုံးကို ဩဂုတ်လ ၂၁ ရက်နေ့ တရက်တည်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုရှိ မရှိ မသိရပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်ထွဋ်ခေါင်က ပြောသည်။

၎င်းက “ တွင်းမ ပျူရွာကို ဒရုန်းနဲ့ အီနာဂါ ကိုးလုံးထိ ကြဲချတိုက်ခိုက်ခဲ့တယ်။ သေဆုံးမှုတော့ မသိရသေးဘူး၊ ဒဏ်ရာရတာတွေ သူတို့နေတဲ့ အဆောက်အဦတွေ ပျက်စီးတာတွေတော့ရှိတယ်” ဟု ပြောသည်။

တွင်းမရွာကို တိုက်ခိုက်ပြီးနောက် တွင်းမရွာထဲမှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း ဗိုလ်ထွဋ်ခေါင်က ဆိုသည်။

အလားတူ သရက်ကန်ပျူရွာကိုလည်း ဒရုန်းဖြင့် အီနာဂါ ၁၂ လုံးထိကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ပြီး သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ဓားမဆိုင်းတပ်မတော်က ဆိုသည်။

ထို့အပြင် မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းကိုလည်း ဒရုန်းဖြင့်အီနာဂါ သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း ဗိုလ်ထွဋ်ခေါင်က ဆိုသည်။

ယခုတိုက်ခိုက်မှုများကို Super Fighter PDF (ရေစကြို)နှင့် ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် ၊ Independence  Army(IA) ၊ အလင်းတန်းပြောက်ကျား တပ်ဖွဲ့(မြိုင်) ၊ မြိုင်မြို့နယ်ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ခွဲ(၂)တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required