စစ်တပ်ကအာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေ

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 August 2023
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ညဖက်၌ နေအိမ်အတွင်းဝင်ရောက်ပြီး အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆိုင်ကယ်ခိုးခံရခြင်း၊ လမ်းသွားရင်း ဖုန်း၊ ဆွဲကြိုး၊ လက်ကိုင်အိတ်လု ယက်ခံရခြင်းများအပြင် နေအိမ်အတွင်းဝင်ရောက်ပြီး ဓားထောက်လုယက်မှုများလည်း ပိုများလာသည်ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၈ ရက်နေ့ ည ၈ နာရီကျော်က မြိတ်မြို့၊ မြိတ်တောင်နယ်မြေ အောင်မင်္ဂလာရပ် ကွက် သုခ(၈)လမ်း၌ လျှပ်စစ်မီးပြတ်နေချိန် နေအိမ်အတွင်းအမျိုးသမီးတဦးတည်းရှိနေစဉ် အမျိုးသား နှစ်ဦးကဓားထောက်လုယက်ခဲ့၍ ရွှေငါးကျပ်သားနှင့် ငွေကျပ် သိန်း ၂၀ ခန့် ပါသွားကြောင်း ဒေသခံများထံ မှသိရသည်။

 “အမျိုးသားဖြစ်သူ ကမ်းနားကတက်တူးဆိုင်မှာ အလုပ်သွားလုပ်နေချိန် အိမ်ထဲဝင်လာပြီး ဓားထောက် ပြီး လက်ပြန်ကြိုးတုတ်၊ တကိုယ်လုံးကို တိပ်နဲ့ပတ်ပြီး ရွှေထည်နဲ့ငွေတွေလုသွားတာ”ဟု မြိတ်တောင်နယ် မြေမှ ဒေသခံတဦးက ပြောသည်။

အဆိုပါရပ်ကွက်တွင် ပြီးခဲ့သော ဇူလိုင်လကလည်း ကုန်စိမ်းရောင်းဝယ်သည့်နေအိမ်တအိမ်အား နံနက် ၄ နာရီခန့်၌ အမျိုးသားဖြစ်သူစျေးသွားနေစဉ် အမျိုးသမီးကို ဓားထောက်လုယက်ခဲ့၍ ရွှေငါးကျပ်သားနှင့် ငွေကျပ်ခုနစ်သိန်း လုယက်ခံခဲ့ရသေးသည်။

“စစ်တပ်အုပ်ချုပ်တဲ့ကာလမှာ စစ်တပ်ကိုလည်းကြောက်ရသလို ရပ်ကွက်တိုင်းမှာ လုယက်မှုတွေ မကြာ ခဏဖြစ်နေတော့ စိုးရိမ်နေရတယ်”ဟု မြိတ်တောင်ကျေးရွာနေ ဒေသခံတဦးက ပြောသည်။
ယခုကဲ့သို့လုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်မှု မရှိ ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ ကြီးမြင့်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့် လုံခြုံမှု မရှိခြင်းတို့ကြောင့် ခိုးယူဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြိတ်မြို့ခံများကပြောကြား သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required