UFC 295 ပြိုင်ပွဲမှာ နိုင်ပွဲရခဲ့တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်

By Asia MMA
13 November 2023
UFC 295 ပြိုင်ပွဲမှာ နိုင်ပွဲရခဲ့တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်

UFC ရဲ့ ပထမဆုံး မြန်မာ ဖိုက်တာဖြစ်တဲ့ ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ကတော့ နိုဝင်ဘာ ၁၁ ရက်မှာ နိုင်ပွဲ ထပ်မံ ရရှိသွားခဲ့ပါတယ်။ ဂျော့ရှူဝါဗန်ဟာ ဟားခါးမှာ မွေးဖွားခဲ့တာဖြစ်ပြီး Texas မှာ နေထိုင်၊ လေ့ကျင့်နေခဲ့သူဖြစ်ပါတယ်။

မြန်မာပြည်ဖွား ချင်းဖိုက်တာဟာ UFC 295 ပွဲစဉ်မှာ UFC ရဲ့ ဒုတိယမြောက် ပွဲအဖြစ် ထိုးသတ်တာဖြစ်သလို သူ့ရဲ့ pay per view ပွဲဦးထွက်လည်းဖြစ်ပါတယ်။ ဂျော့ရှူဝါဗန်ဟာ ပြိုင်ဘက်ဖိုက်တာ ပီရူးနိုင်ငံသား Kevin Borjas နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ဒိုင်သုံးယောက်စလုံးက အနိုင်ပေးတဲ့ unanimous decision နဲ့ ပြိုင်ဘက်ကို အနိုင်ရခဲ့ပါတယ်။

တိုက်ခိုက်ရေး အားကစားနည်းတွေကို အားပေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူတို့ရဲ့ ဖိုက်တာတယောက် UFC မှာ ယှဉ်ပြိုင်နေတယ်ဆိုတာကို သတိမမူမိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဂျော့ရှူဝါဗန်ကတော့ နိုဝင်ဘာ ၁၁ ရက် Madison Square Garden မှာ နိုင်ပွဲရယူရင်း နိုင်ငံတကာမှာ လူသိများစေခဲ့ပါတယ်။

UFC 295 ရဲ့ early prelims အပိုင်းမှာ မြန်မာဖွား ချင်းဖိုက်တာ ဂျော့ရှူဝါဗန်ဟာ သူဟာ တကယ့်ကို အမြင့်ကို တက်လှမ်းလာနေတဲ့သူ အဖြစ် သက်သေပြခဲ့ပါတယ်။ Flyweight တန်းမှာ ယှဉ်ပြိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းဖိုက်တာဟာ UFC မှာ ရှုံးပွဲမရှိသေးသလို ဒါနာဝှိုက်ရဲ့ Contender Series signee ဖြစ်တဲ့ Kevin Borjas နဲ့ ရင်ဆိုင်ထိုးသတ်တဲ့ ပွဲစဉ်မှာ နည်းစနစ်အရ ထူးချွန်၊ လျင်မြန်၊ နိုင်လိုစိတ်ပြင်းတဲ့ ဟန်ကို ပြသပြီး သူ့ရဲ့ အလားအလာ အခြေအနေကို ခိုင်မာစေခဲ့ပါတယ်။

Flyweight ပွဲစဉ်မှာ ဂျော့ရှူဝါဗန်ဟာ ပြိုင်ဘက်ဖိုက်တာ Kevin Borjas ကို ဒိုင်သုံးယောက်စလုံးက အနိုင်ပေးတဲ့ Unanimous decision (၂၉-၂၈ ၊ ၂၉-၂၈ ၊ ၂၉-၂၈) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required