ရခိုင်ပြည်နယ်သို့ အဝင်အထွက်လမ်းကြောင်းများကို စစ်ကောင်စီပိတ်ဆို့

By မိုးသောက် (မဇ္ဈိမ)
13 November 2023
ရခိုင်ပြည်နယ်သို့ အဝင်အထွက်လမ်းကြောင်းများကို စစ်ကောင်စီပိတ်ဆို့
ပုံအညွှန်း-ရခိုင်ပြည်နယ် မအီဂိတ်တွင် ပိတ်မိနေသောယာဉ်အချို့ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ်သို့ အဝင်အထွက်ပြုလုပ်သည့်  ကားလမ်းများကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားလိုက်သောကြောင့် ခရီးသွားလာမှု ရပ်ဆိုင်းသွားပြီဖြစ် ကြောင်း သိရသည်။

“ရန်ကုန်-သံတွဲကား သွားနေတာ လမ်းတဝက်ကနေ ပြန်လှည့်လိုက်ရတယ်။ သံတွဲဘက်သွားမယ့်သူတွေ လည်း လမ်းမှာရပ်နေပြီး လမ်းဖွင့်ရင်ဖုန်းပြန်ဆက်မယ်လို့ ပြောတယ်။ အခုထိတော့ ပိတ်ထားသေးတယ်။ အခုက ပတ်ပတ်လည်ကနေ ပိတ်ထားတယ်။ ရခိုင်ကနေ ကားထွက်ဖို့မလွယ်ဘူး” ဟု လတ်တလောဖြစ် ပွားနေသည့် ခရီးသွားလာမှုအခြေအနေကို ခရီသည်တင်ယာဥ်လုပ်ငန်းလုပ်ကိုင်သူတဦးက မဇ္ဈိမသို့ ပြော သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွား နေပြီး ရခိုင်ပြည်နယ်မှ မြို့အားလုံးကို ဆက်သွယ်သည့်လမ်းများကို စစ်ကောင်စီတပ်များက ပိတ်ဆို့ထား ခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

အမ်းမြို့နယ်ရှိ အမ်းစစ်ဆေးရေးဂိတ်နှင့် တောင်ကုတ်မြို့နယ်ရှိ ကျောက်ဖြူ–တောင်ကုတ်–အမ်းလမ်းဆုံ ဖြစ်သည့် မအီစစ်ဆေးရေးဂိတ်တို့ကိုပိတ်လိုက်ခြင်းကြောင့် ကားလမ်းဖြင့် ခရီးသွားလာရန် မလွယ်ကူ တော့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်သို့ ဝင်ပေါက်များဖြစ်သည့် စစ်တွေ-ရန်ကုန်ကားလမ်း၊ တောင်ကုတ် ရန်ကုန်ကားလမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းများကို ပိတ်ဆို့လိုက်သည့်အပြင် မြို့ချင်းဆက်လမ်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့များ က ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စားနပ်ရိက္ခာစုဆောင်းရန် ဈေးဝယ်သူများ ပြားနေသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာရန် ကြိုးစားနေကြသူများလည်း  အများအပြားရှိသည် ဟု ဆိုသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly