ဗြိတိန် ဝန်ကြီးချုပ်ထံ  စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ ပေးအပ်

ဗြိတိန် ဝန်ကြီးချုပ်ထံ  စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ ပေးအပ်
ဓာတ်ပုံ-Vote NLD

ဗြိတိန်ဝန်ကြီးချုပ်  Mr.Rishi Sunak ထံ စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ တစ်စောင်ကို မြန်မာအရေး လှုပ်ရှားသူများက သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် (၃၅ ) နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့တွင်    ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်အတူ မတရား ဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆိုထားသည့် ပန်ကြားလွှာ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပန်ကြားလွှာတွင် လက်မှတ်ပေါင်း ၇,၄၉၈ ခု ရေးထိုးထားသည်။   ဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ   North Yorkshire ပြည်နယ်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းသည် ကမ္ဘာကျော် နေရာတစ်ခုဖြစ်သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required