PDFလက်ချက်ဟု စွပ်စွဲထားသည့် လူ ၂ ဦး သေဆုံးမှု အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးခြင်းသာဖြစ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
02 August 2023
PDFလက်ချက်ဟု စွပ်စွဲထားသည့် လူ ၂ ဦး သေဆုံးမှု အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးခြင်းသာဖြစ်
ပုံအညွှန်း- ပရဟိတအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးစဥ် ( ဓာတ်ပုံ-"ဇမ္ဗူမေတ္တာ”ကျန်းမာရေးကူညီမှု့အသင်း(ဘုတ်ပြင်း)

ဘုတ်ပြင်းမြို့နယ်၊ ထောင်မွန်ရွာတွင် ဥယျာဥ်ခြံ အလုပ်သမားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ လက်လုပ် သေနတ်ဖြင့် ပစ်ခတ်ကြရာ လင်မယာနှစ်ဦး သေဆုံးသွားပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတ ကျန်းမာရေး အဖွဲ့ထံက သိရ သည်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ ဘုတ်မြို့နယ် ၊ ဘုတ်ပြင်းကျေးရွာအုပ်စု၊ ထောင်မွန်ရွာတွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ပုံအညွှန်း- ပရဟိတအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးစဥ် ( ဓာတ်ပုံ-"ဇမ္ဗူမေတ္တာ”ကျန်းမာရေးကူညီမှု့အသင်း(ဘုတ်ပြင်း)

ထိုဖြစ်ရပ်ကို စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် PDF အဖွဲ့က လာရောက်ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။ 

ဘုတ်ပြင်း အခြေစိုက် ကျန်းမာရေး ကူညီမှုအသင်းမှ အဖွဲ့ဝင် တစ်ဦးက“အချင်းချင်း ဖြစ်တာပါ။  အဖွဲ့အစည်းနဲ့ မဆိုင်ဘူး လင်မယား နှစ်ယောက် သေတယ်။  တစ်ယောက်က ထိခိုက် အနာ တရ ရသွားတာမျိုး ရှိတယ်”ဟု ပြောသည်။

ခိုက်ရန်ဖြစ်ပွားမှုတွင် လက်လုပ်ဂန်းသေနတ်ဖြင့် အချင်းချင်း ပစ်ခတ်ကြခြင်းဖြစ်ပြီး  ထိုဒေသတွင် တူမီး သေနတ်နှင့် လက်လုပ် ဂန်းသေနတ်များကို တောပစ်ရန် သုံးလေ့ရှိကြောင်း သိရသည်။ 

ပုံအညွှန်း- ပရဟိတအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးစဥ် ( ဓာတ်ပုံ-"ဇမ္ဗူမေတ္တာ”ကျန်းမာရေးကူညီမှု့အသင်း(ဘုတ်ပြင်း)

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးခင်မောင်လွင် (အသက် ၆၈ နှစ်) နှင့်  ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မြင့်ခိုင် (အသက် ၅၈ နှစ်) တို့သည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရပြီး ကျန် အမျိုးသား တစ်ဦး ဖြစ်သော အသက် ၂၄ နှစ်ရှိ မောင်ကျော်ကျော်လွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့၍ ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly