ကရင်ပြည်နယ်တွင် ပြည်သူများ  မိုးတွင်းကာလ စိုက်ပျိုးရန် မျိုးစေ့ KNWO  ထောက်ပံ့ 

By ကိုဇာနည် (မဇ္ဈိမ)
05 July 2023
ကရင်ပြည်နယ်တွင် ပြည်သူများ  မိုးတွင်းကာလ စိုက်ပျိုးရန် မျိုးစေ့ KNWO  ထောက်ပံ့ 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများနှင့်  ထိုင်း -ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်း တချို့တွင် မိုးရာသီကာလအတွင်း  ရာသီသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံများအား ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က သီးနှံမျိုးစေ့များ ထောက်ပံ့ပေးနေကြောင်း သိရ သည်။

" မျိုးစေ့ပေးရခြင်း ရည်ချက်က အများအားဖြင့် စစ်ရှောင်တွေက ဝင်ငွေမရှိတဲ့အတွက် တစ်ရက် တစ်ရက် စားဖို့ ဟင်းဖိုးပိုက်ဆံကုန်ကျသက်သာအောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရန် ရည်ရွယ်တာဖြစ်တယ် ။ အဓိထောက်ပံ့ပေးတဲ့ မျိုးစေ့ အမျိုးအစားများက ဖရုံ၊ သခွား၊ ငရုပ်၊ မြေပဲ၊ ပြောင်းဖူး၊ ချည်ပေါင်နဲ့ ခရမ်းသီးတို့ဖြစ်တယ်"KNWO  တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေ့စဥ်ပိုမိုများပြားလာသည့်အတွက် စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်  ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်မှ  ကျေးရွာ ၁၂ ရွာအား မျိုးစေ့ ထောက်ပံ့ပေးပြီး ထိုင်းနယ်စပ်ရှိ စစ်ရှောင် စခန်း လေးခုမှ စစ်ဘေးရှောင်များအား  မေလ ပထမပတ်နှင့် ဒုတိယပတ်တွင် မျိုးစေ့များ  ပေးဝေ
ထောက်ပံ့ပေးခဲ့သည်ဟု သိရပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက ကရင်နီပြည်နယ်တွင် အစာရေစာ ပြတ်လပ်မှုနှင့် ဖျားနာမှုများကြောင့် သေဆုံးသူစစ်ရှောင်ဦးရေ ၃၀ ဝန်းကျင်ရှိခဲ့ကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောကြားထားသည်။ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေများပြားလာပြီး 
လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required