Federal Wings ဒရုန်းတပ်ဖွဲ့၏ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့် သေဆုံးဟု ထုတ်ပြန်

By ရောင်နီ (မဇ္စျိမ)
03 July 2023
Federal Wings ဒရုန်းတပ်ဖွဲ့၏ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့် သေဆုံးဟု ထုတ်ပြန်

Federal Wings ဒရုန်းတပ်ဖွဲ့မှ ယခုနှစ် ခြောက်လတာကာလအတွင်း စစ်ဆင်ရေး ၂၈၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့်သေဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန် သည်။ 

၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လအထိ ပထမခြောက်လတာကာလအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်မှု ၂၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ ၆၈၀ ခန့် အသုံးပြုခဲ့ကြောင်းဆိုသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅၀ ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့ ကြောင်း စစ်မြေပြင်သတင်းများအရသိရကြောင်း Federal Wings ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
 
သို့သော် ၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ တပ်ဖွဲ့ဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။ 

ထိခိုက်ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှဆေးကုသမှု ခံယူနေဆဲဖြစ်သော်လည်း ကျန်တပ်ဖွဲ့ဝင်လေးဦးမှာ သက်ဆိုင်ရာ တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ အသိပေးထားသည်။ 

ထို့အပြင် ယခုနှစ် ပထမခြောက်လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒရုန်းတွေနဲ့ဆောင်ရွက်နိုင်တဲ့ တိုက်ပွဲထောက်ကူပြုမှုပိုင်းဆိုင်ရာကိစ္စတွေအားလုံးရဲ့ အဓိကရည်ရွယ် ချက်က တန်ဖိုးရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်ခန္ဓာကို အတတ်နိုင်ဆုံးချွေတာနိုင်ဖို့ ဖြစ်ပါ တယ်။ ဒရုန်းတွေကိုအသုံးချပြီး စစ်ရေးသတင်းအချက်အလက်ရယူနိုင်မှုနဲ့ စစ်ဆင်နိုင်မှုပုံစံတွေက အများ ကြီးပါပဲ။ တိုက်ခိုက်ရေးတပ်ဖွဲ့တခုမှာ ဒရုန်းတပ်ဖွဲ့တခုရှိနေတယ်ဆိုတာက မရှိမဖြစ်ဆိုတာမျိုးတောင် ဖြစ်လာပါလိမ့်မယ် ” ဟု Federal Wings မှ ပြောရေးဆိုခွင့်ရှိသူတဦးက People’s Spring ၏ ဆက် သွယ်မေးမြန်းမှုတွင် ဖြေဆိုထားသည်။
 
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် စတင်အခြေစိုက်ခဲ့သည့် Federal Wings ဒရုန်း တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့စခန်းချရာနေရာများတွင် ယခုနှစ် ဇွန် လမှစတင်ကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။  

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဆင်ရေးပေါင်း ၄၃၇ ကြိမ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့၀င် ၂၀၀ ဦးခန့် ထိခိုက်သေဆုံးကာ ထိခိုက်ဒဏ်ရာသူများစွာရှိခဲ့ကြောင်း Federal Wings ဒရုန်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက People’s Spring သို့ ဖြေဆိုထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required