"ကရင်ပြည်နယ်မှာ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်နေတယ်"

By KMN  (မဇ္ဈိမ)
17 June 2023
"ကရင်ပြည်နယ်မှာ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်နေတယ်"

ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်ရာ နယ်မြေတွေကို အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပြီးလေကြောင်းတိုက်ခိုက်မှု၊ ကုန်းကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်နေပါတယ်။

၂၀၂၃ခုနှစ်၊မေလကုန်အထိ ကရင်ပြည်နယ်မှာ  စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ဒေသခံများအပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း အမည်ရတဲ့ အစီရင်ခံစာကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

တင်ဆက်၊တည်းဖြတ် - KMN 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required