အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့

By MTO (မဇ္စျိမ)
15 June 2023
အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာ တော်ပို့စ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ရွာထဲကိုမဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာဘုန်းကြီးကျောင်းက ဓမ္မာရုံကိုထိမှန်ခဲ့တယ်” ဟု ၎င်း ကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက်အစောပိုင်းတွင် အရာတော် စခတ(၁၀)မှ ထွက်လာ သည့် စစ်ကြောင်းနှစ်ခုအနက်မှ တခုဖြစ်ကြောင်း အရာတော်ပို့စ်ကဖော်ပြထားသည်။

စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် မကျီးစောက်ရွာမှ နေအိမ်မည်မျှ မီးလောင်ပျက်စီးသွားသည်ကို သိရခြင်းမရှိသေးကြောင်း အရာတော်ပို့စ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကျီးစောက်ကျေးရွာမီးရှို့ခံရမှုမှာ သုံးကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မီးရှို့ခံရမှုနှစ်ကြိမ်တွင် နေအိမ်  ၅၀၀ ကျော် မီးလောင်ပျက်စီးထားသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly