Bitcoinသည်မြန်မာနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် အသက်သွေးကြောတစ်ခုဖြစ်လာခြင်း

Bitcoinသည်မြန်မာနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် အသက်သွေးကြောတစ်ခုဖြစ်လာခြင်း

(Bitcoin Magazine တွင် ဖော်ပြထားသော "Bitcoin is becoming a lifeline for political dissidents in Myanmar" ကို ဆီလျှော်အောင် ဘာသာပြန်သည်။)

2024 ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှု များ စတင်ချိန်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ Robert F. Kennedy Jr. သည် ၎င်း၏ Bitcoin အပေါ်အားပေးထောက်ခံမှုကို ဖော်ပြရန် Twitter သို့ ရောက်ရှိလာသည်။ “Bitcoin က တစ်ကမ္ဘာလုံးက လူထုလှုပ်ရှားမှုတွေရဲ့ အဓိက ကယ်တင်ရှင်ပါ အထူးသဖြင့် မြန်မာမှာပါ " ဟု ၄င်း၏ တွစ်တာ” တစ်ခုတွင် ရေးသားဖော်ပြထားသည်။

အနောက်နိုင်ငံများတွင် Burma ဟု လူသိများသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်တည်ရှိပြီးတရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့်ဘင်္ဂလားဒေ့ရ်ှတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ မြန်မာသည် ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားများတည် ရှိ ပြီး သဘာဝကမ်းခြေများ၊ ကျယ်ပြန့်သောသစ်တောများနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ ယဉ်ကျေးမှုများ ကြွယ်ဝ ထွန်းကားသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုကဲ့သို့ လှပဆွဲဆောင်မှု များရှိနေသော်လည်း၁၉၄၅ခုနှစ်တွင်လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းကအနှစ်၇၀ဆက်လက်ဖြစ်ပွါးနေသော ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ် က မြန်မာနိုင်ငံအား ညှင်းပန်းနှိပ်ဆက်ခဲ့ပါတယ်။

တိုင်းပြည်သည်၎င်း၏သမိုင်းတစ်လျှောက်စစ်တပ်အာဏာသိမ်းမှုများစွာကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့်စီးပွါးရေးမငြိမ်မသက်မှုများမကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အပြင်အစိုးရအနေဖြင့် ပြည်တွင်းသုံးငွေကြေးများကို တရားဝင်ငွေ အဖြစ်မှ ရပ်စဲခြင်းကဲ့သို့သောအဖြစ်အပျက် သမိုင်း များ ရှိခဲ့ပြီးဘဏ်လုပ်ငန်းအကျပ်အတည်းများမကြာခဏ ဖြစ်ပွါးလေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ၏အထင်ရှားဆုံး မှတ်မှတ်ရရရှိတဲ့ ဖြစ်ရပ်တစ်ခုကတော့ ၁၉၈၇ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးသမိုင်းဝင် "၈၈၈၈ လူထုအုံကြွမှု" သို့ ဦး တည်စေခဲ့ပါတယ်။ ၁၉၈၇၊ စက်တင်ဘာ ၅ ရက်နေ့ တွင်စစ်တပ်အာဏာရှင် နေဝင်း ကမြန်မာနိုင်ငံ၏ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များကို ကြိုတင်အသိပေးအစားထိုးပေးခြင်းမရှိဘဲ တရားဝင် ငွေကြေးမှ ရပ်ဆိုင်းလိုက်ကြောင်းကြေငြာခဲ့ပါတယ် ။ ထိုအချိန်တွင် ဖျက်သိမ်းခံရသောငွေကြေးများ ဟာ ထို အချိန် က နိုင်ငံ့စီးပွါးရေး လည်ပတ်မှုရဲ့ ၈၀% လောက်ရှိပါတယ်။ ယခင် ၁၉၆၄ နှင့် ၁၉၈၅ များတွင်ငွေစက္ကူအချို့ဖျက်သိမ်းမှုများ ရှိခဲ့သော်လည်း ပြည်သူများအားလျော်ကြေးပေးခဲ့ပေမယ့် ၁၉၈၇ ခုနှစ် အဖြစ်အပျက် ကတော့ မြန်မာပြည်သူများအတွက်မမျှော်လင့်ဘဲအကြီးအကျယ် ဒုက္ခရောက် ပျက်စီးစေခဲ့ပါတယ်။

ဒီလို ထူးဆန်းတဲ့ ဂဏန်းဆိုင်ရာ ပိုက်ဆံနံပတ်များကို ဖျက်သိမ်းခြင်းက သူရဲ့အာဏာရာထူးခိုင်မြဲစေမယ်လို့ ထင်ကြေးပေးမှုတွေ၊ ဗေဒင်ယတြာတွေ အပေါ် အထူးယုံကြည်ကြတဲ့ စစ်အာဏာရှင် နေဝင်း ဟာယုံကြည်ပြီး အဲ့လို လုပ်ဆောင်ခဲ့တာပါ။

အယူသီးလွန်းသူ နေဝင်းဟာ အဲ့ကိန်းဂဏာန်းများကို တိုင်းပြည်အတွက်ရော သူ့ကိုယ်သူ ပုဂ္ဂိုလ်ရေးအရပါ သိက္ခာရှိစေတဲ့ နံပတ်တွေဖြစ်တယ်လ်ို့ စွဲမှတ်ယူထားတဲ့ လူတစ်ယောက်ပါ။

မြန်မာနိုင်ငံ ၏ အသွင်းပြောင်းခေတ်ဟာ အမေရိကန် သမ္မတ ဘားရက်အိုဘားမား ၂၀၁၂ ခုနှစ် တွင်မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ခြင်းနဲ့ အတူ စတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင်ပထမဆုံးအရပ်ဘက်ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီဆီသို့ ဦး တည်သည့်နိုင်ငံ၏လမ်းကြောင်းတွင်သိသာထင်ရှားသည့်မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။

သို့သော်၂၀၂၁မြန်မာစစ်တပ်အာဏာသိမ်းမှုသည်တိုင်းပြည်ကိုဆယ်စုနှစ်တစ်ခုခေတ်နောက်ပြန်ပြန် လည်ရောက်ရှိစေခဲ့ပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်၏အာဏာသိမ်းယူမှုသည်တစ်နိုင်ငံလုံးရှိဆန္ဒပြမှုများနှင့်အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေခဲ့ပြီးထောင်နှင့်ချီသောလူများသည် နိုင်ငံတော်အကြံပေးဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့် ၊ဖမ်းဆီးထားသည့်နိုင်ငံရေးခေါင်းဆောင်များလွတ် မြောက်မှု ၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့အပါအဝင် အတွက် တောင်းဆိုရန်လမ်းများပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်အာဏာသိမ်းမှုအပြီးတွင်စစ်တပ် သည်စစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြနေသောအရပ်သားများအားရက်စက်စွာနှိမ်နင်းခဲ့သည်။

အစီရင်ခံစာများအရစစ်တပ်သည်ဆန္ဒပြသူများကိုသေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့်တစ်ဦး ချင်းစီအားဖမ်းဆီးခြင်းအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု များကိုဖိနှိပ်ရန်အစွန်းရောက်သောနည်းလမ်း များကိုအသုံးပြုခဲ့ပြီးအချို့မှာဖမ်းစီးခံရပြီး နောက်တစ်နေ့တွင်သေဆုံးခဲ့သည့်အဖြစ် အပျက်များလည်း များစွာ ရှိခဲ့ပါတယ်။

စစ်တပ်သည် ဘဏ်အကောင့်များကိုပိတ်သိမ်းစေခြင်းဖြင့်ဆိုရှယ်မီဒီယာအာဏာသိမ်းမှုကိုဆန့်ကျင်ပြောဆိုသောတက်ကြွလှုပ်ရှားသူများနှင့် စာနယ်ဇင်းသမားများကိုနှုတ်ပိတ်ရန် ခြေလှမ်းများလှမ်းခဲ့ပါတယ်။

၄င်းတို့၏ရန်ပုံငွေများနှင့်ကိုယ်ပိုင်စုငွေများကိုပြန်လည်ထုတ်ယူ ရယူစေမှုကို ပိတ်သိမ်းခဲ့ပါတယ်။ ဤလုပ်ရပ်များသည်နိုင်ငံတကာအသိုင်းအဝိုင်းမှကျယ်ကျယ်ပြန့်ပြန့်ပြစ်တင်ရှုတ်ချမှုကိုဖြစ်ပေါ်စေခဲ့ပြီး

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေဆိုးရွားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများပေါ်ပေါက်စေခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုအတွက်ရန်ပုံငွေများစုဆောင်းသည့် ANTS မှအရင်းအမြစ်တစ်ခု အရ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင်ရန်ပုံငွေရှာဖွေခြင်းစတင်ကတည်းကသူတို့၏အဖွဲဝင်များနှင့်သူတို့၏

သူငယ်ချင်းများသည်စစ်အစိုးရမှသူတို့၏ဘဏ်စာရင်းများကို ပိတ်သိမ်းခဲ့ ကြောင်းကျွန်တော့ အားထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဤကြိုးပမ်းမှုများသည်တက်ကြွလှုပ်ရှားသူများ၏မိသားစု ၀င်များအား ထိန်းသိမ်းမေးမြန်းခြင်းများ ဖြစ်ခဲ့သည်။

အခြေအနေကိုတုန့်ပြန်သောအားဖြင့် ANTS မှအသက် ၂၂ နှစ်အရွယ်တက်ကြွလှုပ်ရှားသူက “သူတို့ရဲ့ဘဏ်အကောင့်တွေကိုပိတ်သိမ်းခြင်းများကို ကျော်လွှားနိုင်ဖို့ ANTS သည် ဘဏ်သတင်းအချက်အလက်များကို Private Chat မှ ရယူရန်နှင့်အလှူရှင်များအားအွန်လိုင်းစျေးဝယ်ငွေပေးချေမှုကို Descriptions တွင်ရေးရန်“ ညွှန်ကြားခြင်းဖြင့် ရန် ပုံငွေရှာဖွေရေးမဟာဗျူဟာကိုပြောင်းလဲခဲ့တာ ကို ပြန်လည်ပြောပြ ထားပါတယ်။

မြန်မာနိုင်ငံရှိတော်လှန်ရေးအင်အားစုများကိုကူညီခြင်းသည် လူ့အဆင့်အတန်း မခွဲခြားပဲ နှင့် တစ် ဦး ချင်းစီအတွက်ပင် အန္တရာယ် ရှိနိုင်သောအခြေအနေဖြစ်သည်။ ဤအင်အားစု များ သို့ $10 ထက်နည်းသောအလှူငွေပင်လျှင်အချို့သောသူများပင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည့် အဖြစ်အပျက်မျိုးလည်း ရှိခဲ့ပါတယ်။

ဥပမာ-မန္တလေးမှာရှိတဲ့ လူသိများတဲ့ရွေဆိုင်ပိုင်ရှင်ကိုပင် တော်လှန်ရေးကိုထောက်ခံသည် ဟုစွပ်စွဲခံရခြင်းကြောင့်အဖမ်းခံခဲ့ရပြီးသူ၏ပိုင်ဆိုင်မှုများ အပါအ၀င်စီးပွားရေးလုပ်ငန်းများ နှင့် ခန့်မှန်းခြေအားဖြင့် ၁၂ ဘီလီယံ kyat ( အကြမ်းအားဖြင့် $ 5.7 million ) နှင့်ညီမျှသောကုန်ကြမ်းကျောက်စိမ်း ၁၉၃ တန် ကို သိမ်းဆည်းခံခဲ့ရပါတယ်။

အဖြေမဟုတ်ပေမယ့် ရွေးချယ်စရာများ

—------------------------------------------------
ထို့အပြင် ၄င်းအဖွဲ့ သည်မြန်မာနိုင်ငံ၏အပြိုင်အစိုးရဖြစ်သော National Unity Government ( NUG ) မှစတင်ခဲ့သောရှေ့ပြေးဒစ်ဂျစ်တယ်ငွေကြေးပလက်ဖောင်းဖြစ်သော NUGPay ကဲ့သို့သောအခြားဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကိုစူးစမ်းလေ့လာခဲ့ ကြောင်းလည်းပြောပြခဲ့ပါတယ်။

သို့သော် ANTS အဖွဲ့ဝင်တစ် ဦး ကရှင်းပြသည်မှာ, "ကျွန်ုပ်တို့၏အလှူရှင်များသည်ပလက်ဖောင်းကိုအသုံးပြုရန်တွန့်ဆုတ်နေကြသည်။

ဘာလို့လဲဆိုတော့အဲ့တာ က မြန်မာနိုင်ငံအတွင်းသို့မဟုတ်မြန်မာနိုင်ငံပြင်ပရှိကိုယ်စားလှယ်တစ် ဦးနှင့် မှ NUG Pay က ဖွင့်ဖို့ ခက်ခဲလို့ပါ။အချက်အလက်လုံခြုံရေးအရအေးဂျင့်နှင့်သုံးစွဲသူများအတွက်လုံခြုံမှုရှိကြောင်း ဘယ်သူကအာမခံနိုင််မှာလဲ? အဲ့တာက ရိုးရိုးဘဏ်စနစ်ကိုအသုံးပြုတာ ထက်တောင် နှစ်ဆလောက် အန္တရာယ်ပိုများတယ်” လို့ ပြောကြတယ် လို့ ပြန်လည်ပြောပြထားပါတယ်။

Open-source Stellar ကွန်ယက်ပေါ်တွင်တည်ဆောက်ထားသော NUG Pay ဒစ်ဂျစ်တယ်ငွေကြေးပလက်ဖောင်းသည် လူများစွာ၏ဒေတာ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါတယ်။

၂၀၂၃ ခုနှစ်မေလ ၂၈ ရက်အထိ Stellar blockchain သည်ပလက်ဖောင်းကို အသုံးပြု၍ ယုံကြည်စိတ်ချရသော trustlines ၂၆,၉၅၀ မှတ်တမ်းတင်ရှိထားပါတယ်။ တခြားတဖက်မှာလည်း အသုံးပြုသူများကို အကျိုးစီးပွားမက်လုံးများဖြင့် ဆွဲဆောင်သော Exxon Film Investment မိုဘိုင်းအက်ပလီကေးရှင်းသည်မြန်မာနိုင်ငံရှိလူပေါင်း ၃၀,၀၀၀ ကျော်ကိုလိမ်လည်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် လူတွေဟာ Bitcoin ကဲဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးများကိုထိတွေ့ ရန်ကြောက်ရွံ့ဖို့ အကြောင်း ဖြစ်စေခဲ့ပါတယ်။ အဲ့တာက မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေကြေး စနစ်ရဲ့ လုံခြုံရေးကို သေချာစေရေး အတွက် စိန်ခေါ်မှုများကို မီးမောင်းထိုးပြ နေပါတယ်။

"ကျနော့်အတွေ့အကြုံအရ ဒေသခံလူတော်တော်များများက ဒစ်ဂျစ်တယ်ငွေကြေးအလားအလာကိုမယုံနိုင်သေးပါဘူး" ပြည်တွင်း Crypto ပညာရေးအသိုင်းအဝိုင်း Myan Crypto ကိုတည်ထောင်သူ က ပြောပြဖူးပါတယ် “။ ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လူငယ် တွေက အဲ့ငွေကြေးစနစ်ကို အပြည့်အ၀မယုံကြည်ကြသေးဘူး။ လူကြီးတွေကို မဆိုထားနဲ့တော့။ နောက်ပြီးကျွန်တော်တို့ အသိုင်းအဝိုင်းကလူတော်တော်များများက Bitcoin နဲ့ Crypto Trading ပိုင်းကိုရောက်လာတာက ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာ ငွေကြေးချမ်းသာကြပေမယ့် ဒီစီးပွားရေးကျဆင်းမှုမှာ ဘာလုပ်ကြရမလဲမသိကြလို့ “ဆိုပြီး ထပ်ပြီး ပြောပြခဲ့ပါတယ်။

NUGPay နှင့်စပ်လျဉ်း ပြီးတော့ Feliz က “NUGPay ရဲ့ပြသနာ က ငွေကြေး အဖြစ် သုံးစွဲနိုင်စွမ်းက အကန့်အသတ်ရှိတယ်လို့ထင်ပါတယ်။

အဲ့ဒါက တော်လှန်ရေးအုပ်စုတွေရဲ့ပြင်ပမှာ နေ့စဉ် သုံးလို့ရတဲ့ ငွေကြေးဖြစ်ဖို့ ခက်နေတယ်။"

"ကျွန်တော့် အနေနဲ့ ငွေကြေးအဖြစ်လုပ်ဖို့ကနေရာတိုင်းကျယ်ကျယ်ပြန့်ပြန့် ထွန်းကားတဲ့ စနစ်ဖြစ်ဖို့လိုအပ်မယ်လို့ ထင်မြင်မိပါတယ်"

"Bitcoin နှင့် Crypto ကိုရောင်းဝယ်သူအချို့ပင်လျှင် NUGPay က အကန့်အသတ်ဖြင့်သာလက်ခံခြင်းကြောင့်အသုံးပြုခြင်းကိုတွန့်ဆုတ်ကြပါတယ်"

စစ်တပ်လက်လှမ်းမမီသော ဒေသမှာ နေထိုင် အသုံးပြုသူတွေတောင်မှ တော်လှန်ရေးကိုထောက်ပံ့ခြင်းမှလွဲပြီးတော့ အခြားနေရာတွင် NUGPay ကိုမည်သို့ အသုံးပြုရမည်ကို မသိဘူး ဖြစ်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသူတွေကို Bitcoin က ဘယ်လိုကူညီနိုင်မလဲ?

ဒါပေမယ့် Bitcoin ဟာ ပုံမှန်ဘဏ်ဝန်ဆောင်မှုများကို ရပ်တံ့ခြင်း ဒါမှမဟုတ် ငွေကြေးတန်ဖိုးကျဆင်းခြင်းတို့ကို ကြောက်ရွံ့နေကြတဲ့ မြန်မာနိုင်ငံရှိကလူများအတွက်ပိုမိုကောင်းမွန်သော အစားထိုးတစ်ခုအဖြစ် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။

Bitcoin Myanmar Initiative မှပြုလုပ်သော သုတေသနအချက်အလက်များ အရ "မြန်မာကျပ်ငွေတန်ဖိုးဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၃၅% ကျော်ကျဆင်းသွားသော်လည်း Bitcoin ရဲ့တန်ဖိုး စျေးနှုန်ဟာ တူညီသောကာလအတွင်းနှစ်ဆမြင့်တက်ခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်မီ 1 BTC ၏စျေးနှုန်းသည်ခန့်မှန်းခြေအားဖြင့် ကျပ် သိန်း ၅၀၀ ခန့် ဖြစ်သော်လည်း ယခုစာရေးနေသည့်အချိန်တွင် Bitcoin ၏တန်ဖိုးသည် Binance’s peer-to-peer exchange စျေးကွက်တွင် ကျပ်ငွေ သိန်း ၁၀၀၀ ခန့် ရောက်ရှိနေပြီ ဖြစ်သည်။

“လက်ရှိစီးပွားရေးပတ်ဝန်းကျင်နှင့် လူအများစု၏ ထိခိုက်ဆုံးရှုံးနေရမှု အန္တရာယ်ကို သည်းခံနေရမှုတွေကြောင့်၊မြန်မာနိုင်ငံမှာ Bitcoin နဲ့ တခြား ဒစ်ဂျစ်တယ်ငွေကြေးတွေကို လက်ခံကျင့်သုံးမှုဟာ တဖြည်းဖြည်းနဲ့ လုပ်ဆောင်လာကြမယ်လို့ ယုံကြည်ပါတယ်”လို့ Bitcoin Myanmar Initiative မှ ပြောခွင့်ရလူတစ်ဦး ကကျွန်ုပ်အားပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နည်းပညာတဟုန်ထိုးတက်လာမှုနှင့်အတူတိုင်းပြည်၏ယခင်အတွေ့အကြုံများကြောင့် တိုးတက်မှုအလားအလာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။ Smart ဖုန်းတွေရဲ့ထိုးဖောက် ၀င်ရောက်မှုနှုန်းဟာ ၇၈ % ရှိသော်လည်း လူဦးရေ ရဲ့ ၃၆ % က သာ ဘဏ်အကောင့် ရှိပြီးလူအများစုဟာ ပုံမှန်ဘဏ်စနစ်ကို အစားထိုး ဖို့နည်းလမ်းတွေ ရှာဖွေ နေကြပါတယ််။

မည်သူမျှ မထိန်းချုပ်နိုင်သော ငွေကြေးပုံစံကို မြှင့်တင်ခြင်းဖြင့်၊ ပြည်သူများအား၎င်းတို့၏ပိုင်ဆိုင်ခွင့်များကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ရယူကာ စစ်အစိုးရ၏ ငွေကြေးမူဝါဒမှ လွတ်မြောက်စေရန် ကူညီပေးရန်သာ ကျွန်တော်တို့ ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံရှိလူများ Bitcoin ၏အကျိုးကျေးဇူးများကိုအသိအမှတ် ပြုရန်အချိန်အနည်းငယ်သာ လိုအပ်သည် ဟုကျွန်ုပ်တို့ယုံကြည်ပါတယ်။

စာရေးဆရာ Alex Gladstein က “Check Your Financial Privilege" စာအုပ်ထဲမှာ Bitcoin နဲ့ မြန်မာနိုင်ငံ အကြောင်း ဖော်ပြထားပါတယ်။

“အတွေ့အကြုံထဲက ဥပမာအနေနဲ့ပြောရရင် 2021 ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာ့တော်လှန်ရေးအစမှာ လူတစ်ယောက်က ကျွန်တော့်ကို လာဆက်သွယ်တယ်။ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အကူအညီတွေ ပေးချင်ပေမယ့် ဘဏ်စနစ်က လက်တွေ့မှာ ပိတ်သွားပြီး ဒေါ်လာတွေကို လွယ်လွယ်နဲ့ လွှဲဖို့ နည်းလမ်းမရှိပါဘူး။ ပူးပေါင်းစဉ်းစားပြီးတဲ့နောက် Bitcoin အသုံးပြုသူတစ်ဦးလည်းဖြစ််၊ တိုးတက်မှု စီမံကိန်းတွေကို လုပ်နေသူဖြစ်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ သူသည် အလှူငွေကို အလွယ်တကူ လက်ခံနိုင်ပြီး Bitcoin အနေနဲ့ ပြောင်းပြီး ပြည်တွင်းကျပ်ငွေကို အဖြစ် Binance P2P မှ အလွယ်တကူ ပြောင်းပြီး လိုအပ်နေတဲ့ နေရာတွေကို အရောက်ပို့ပေးခဲ့သည်။ အတားအဆီးမရှိ၊ ကြားခံပုဂ္ဂိုလ်မရှိ၊ လမ်းတစ်လျှောက်တွင် အကျင့်ပျက်ခြစားမှုများမရှိနိုင်ပေ။ ဒါက ဥပမာလေးတစ်ခု ဆိုပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ အရိပ်အယောင်ပါပဲ။”

(Bitcoin Magazine တွင် ဖော်ပြထားသော "Bitcoin is becoming a lifeline for political dissidents in Myanmar" ကို ဆီလျှော်အောင် ဘာသာပြန်သည်။) 

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည်ဖြစ်သည်။ မျှဝေချက်များမှာ  ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် →
https://t.me/BitcoinMyanmarEDU

Bitcoin Myanmar Initiative Facebook စာမျက်နှာကို Like လုပ်ထားပြီး ခေတ်စနစ် အင်တာနက် ငွေကြေးသစ်က လူ့အခွင့်အရေးနှင့် လွတ်လပ်မှု အတွက် ဘယ်လို အကျိုးပြုနိုင်သလဲဆိုတဲ့အကြောင်းအရာများ နှင့် နိုင်ငံတကာ အဖြစ်အပျက်များကို စောင့်ဖတ်နိုင်သည်။ https://web.facebook.com/Bitcoin.MM.Initiative

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required