လွန်ခဲ့တဲ့ ဆယ်စုနှစ် နှင့် ယနေ့ခေတ် Bitcoin အမြင် 

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှင့် ယနေ့ခေတ် Bitcoin အမြင် 

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော် ၂၀၀၉ ခုနှစ်လောက် က ထွက် ပေါ်ခဲ့တဲ့ cryptocurrency နည်းပညာတစ်ခုဖြစ်တဲ့ Bitcoin ဟာ ခရီးတစ်လျာက်မှာ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။ Bitcoin နည်းပညာဟာမထင်မရှားနည်းပညာတစ်ခု ကနေ ယနေ့ခေတ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုအဖြစ်ပြောင်းလဲ​သွားကာ တစ်ကမ္ဘာ လုံးရဲ့ အာရုံစိုက်မှုကိုစွဲဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတွင် Bitcoin ပေါ်အမြင်နှင့် ယနေ့ခေတ်ဟာ  လုံး၀ကို ကွာခြားသွားခဲ့ပါတယ်။ ယခင် နှစ်များတွင် လူအများစုဟာ Bitcoin အပေါ်အမြင်မှာ သံသယများဖြင့် ရှိနေပြီး အများစုမှာ တစ်ခဏအတွင်းကွယ်ပျောက်သွားမည်ဟုထင်မြင်ယူဆချက်များအပြင် နိုဘယ်ဆုရစီးပွားရေးပညာရှင် Robert Shiller ဟာ speculative bubble  တစ်ခုထက်မပိုသောနည်းပညာဟု ပြောဆိုခဲ့ပါသေးတယ်။ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့မြန််မာပြည်အင်တာနက် ခေတ်ဦးသန်းရွေခေတ် ၂၀၀၇ , ၂၀၀၈ ကာလတုန်းက အင်တာနက်ဆိုတာကို ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့နဲ့ ချစ်သူရည်းစားရှာဖို့သုံးတဲ့ အရာလို့ ထင်သလိုမျိုးပါပဲ။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက  Bitcoin နည်းပညာဟာ ၀ါသနာပါသူတစ်စုနှင့် နည်းပညာ၀ါသနာအိုးတစ်ချို့ကသာ စိတ်၀င်စားခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Bitcoin ဟာ အင်တာနက်ကဲ့သို့ ထိပ်တန်းနည်းပညာ တစ်ချို့ဖြစ်လာခဲ့ပါတယ်။​ Tesla၊PayPal နှင့် Square ကဲ့သို့သောကုမ္ပဏီကြီးများသည်ပင်  ယခုအခါ Bitcoin ကို ငွေပေးချေမှုပုံစံအဖြစ် လက်ခံပြီးလူတိုင်းနည်းပါးလက်ခံလာကြတဲ့ နည်းပညာဖြစ်လာပါတယ်။ အစောပိုင်းကာလတွင် Bitcoin ရဲ့ စည်းမျဥ်းသတ်မှတ်ချက်များမရှိခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါအစိုးရတွေကတောင်င် Bitcoin နည်းပညာကိုလက်ခံကူညီပေးလာတာတွေကြောင့်နည်းပညာဟာ ပိုမိုအဆင်ပြေတိုးတက်လာခဲ့ပါတယ်။

ယနေ့ခေတ် မှာ တချို့ဘဏ်တွေကတောင် နည်းပညာကို လက်ခံလာပြီး Bitcoin ကိုသူသူတို့လုပ််ငန်းစဥ်တွေမှာပါအသုံးပြုလာပါတယ်။ 2008 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး Bitcoin က သမာရိုးကျဘဏ်စနစ်အပြင်ရွေးချယ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
 ယနေ့ခေတ်စီးပွားရေးမတည်ငြိမ်မှုများကြားတွင် Bitcoin သည် ငွေကြေးဖောင်းပွမှုကို ဆန့်ကျင်ပြီး အစိုးရထိန်းချုပ်မှုကင်းသောစနစ်တစ်ခုအဖြစ်တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက လူအများအမြင်တွင် မှာ Bitcoin ကအမည်ဝှက်သဘောဖြစ်နေတာကြောင့် တရားမဝင်လုပ်ဆောင်မှုများနှင့်ဆက်စပ်နေပါသည်။ ဒါပေမယ့်Bitcoin ရဲ့ အလားအလာကောင်းများနှင့်အသုံးပြုမှုများကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်လာတာကြောင့် လူတွေရဲ့ ခံယူချက်ဟာ တဖြည်းဖြည်းပြောင်းလာပါတယ်။ ယနေ့အချိန်မှာတော့ Bitcoin ကက လူတစ်ဦးချင်းစီအား ငွေကြေးအချုပ်အခြာအာဏာကို လက်၀ယ်တွင်ကိုင်ဆောင်နိုင်ပြီး ပွင့်လင်းပြီး လုံခြုံသောစနစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံလာရတာကြောင့် လူအများရဲ့အမြင်များဟာလည်းပြောင်းလဲလာခဲ့ပါတယ်။ Bitcoin၏ အရင်းခံနည်းပညာဖြစ်သော Blockchainသည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်း သိသာထင်ရှားသောတိုးတက်မှုများကို မြင်တွေ့ခဲ့ရပါတယ်။ Lightning Network ကဲ့သို့သောဒုတိယအလွှာဖြေရှင်းချက်များ၏ ဖွံ့ဖြိုးတိုးတက်မှုဟာ ကြီးမားသောစိုးရိမ်မှုများနှင့်ငွေပေးငွေယူအမြန်နှုန်းကို မြှင့်တင်ပေးခဲ့ပြီး Bitcoin က နေ့စဉ်အသုံးပြုမှုအတွက်ပိုမိုလက်တွေ့ကျလာခဲ့ပါတယ်။ ကုန်ကျစရိတ်နည်းသောနိုင်ငံတကာငွေလွဲမှုများလွန်ကူချောမွေ့စေရန်နှင့် သမာရိုးကျဘဏ်စနစ်မရှိသော သူများအတွက်သုံးစွဲနိုင်ခြင်းတွေကBitcoin ရဲ့အလားအလာဟာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ယနေ့ခေတ်အထူးသဖြင့်ဖွံ့ဖြို့ဆဲနိုင်ငံများတွင်ပိုမိုကောင်းမွန်သောငွေကြေးစနစ်များကို ဖန်တီးဖို့ Bitcoin ရဲ့ဗဟိုထိန်းချုပ်မှုကင်းသောစနစ်များကို အသုံးပြုရန် အစပျိုးလုပ်ဆောင်မှုများ လုပ်ဆောင်နေလျက်ရှိကြပါတယ်။ 

လွန်ခဲ့သော ၁၀ နှစ်နှင့် ယနေ့ခေတ် Bitcoin ကိုနှိုင်းယှဥ််ကြည့်လျှင် သံသယစိတ်များမှ​နိုင်ငံ တရား၀င်ငွေကြေးဖြစ်လာသည်အထိတိုးတက်လာလျက်ရှိပြီး
 နောက်လာမည့်ဆယ်စုနှစ်တွင် လည်းဖြစ်ပေါ်လာမယ့်အခြေအနေကိုနိုင်ငံတကာစီးပွားရေးပညာ ရှင်များမှ ဆက်လက် စောင့်ကြည့်နေလျက်ရှိပါတယ်။​

Ref ; History of bitcoin - wiki

Insider :  Bitcoin is 10 years old today — here's a look back at its crazy history

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required