Bitcoin ကို တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

Bitcoin ကို တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve

Bitcoin ကို တရား၀င်ငွေကြး အဖြစ် သတ်မှတ်ခဲ့ တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံက El Salvador နိုင်ငံ ဖြစ်ပါတယ်။ El Salvador  နိုင်ငံဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ က စတင်ပြီးတေ့ Bitcoin ကို တရား၀င်ငွေကကြေးအဖြစ်သတ်လိုက်တဲ့ ကမ္ဘာမှာ ပထမဆုံးသော နိုင်ငံဖြစ်ပါတယ်။ ဧရိယာ 21,041 စတုရန်းကီလိုမီတာသာရှိပြီး မြန်မာနိုင်ငံထက် အဆပေါင်း ၃၀ လောက် သေးပါတယ်။ အမေရိက အလယ်ပိုင်း‌ဒေသမှာရှိတဲ့ အသေးငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီနိုင်ငံငယ်လေးမှာ Bitcoin စနစ် တရား၀င်မဖြစ်ခင်က ကျွမ်းကျင်တဲ့ သူတစ်ခုက အဲ့လိုပြောင်းလဲမှု ဟာ ငွေကြေး မတည်ငြိမ်မှုဖြစ်စေ နိုင်တယ်လို့ သတိပေးမှု တွေ ရှိခဲ့သလို အပြောင်းအလဲတွေ ပြုလုပ်ချိန်မှာလည်း အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်  El Salvador အစိုးရက အဲ့လို ငွေကြေး အဖြစ်သတ်မှတ်ခြင်းက စီးပွားရေးမြင့်တင်ရန်နဲ့ ငွေကြေးလည် ပတ်မှု ပိုမို အဆင်ပြေဖို့အတွက် ဖြစ်တယ်လို့ ပြန်လည်ပြီးတော့ခုခံပြောဆိုခဲ့ပါတယ်။

BItcoin ကိုတရား၀င် ငွေကြေး အဖြစ် အသုံးပြုပြီးတည်း က El Salvador မှာ Digital Currency အသုံးပြုခြင်းက မြင့်တတ်လာပါတယ်။ Bitcoin ကို တရား၀င်‌ငွေကြေးအဖြစ် သတ်မှတ်ခြင်း ဥပဒေအတည်ပြုပြီးတဲ့ နောက်မှာ Bitcoin ATM ပေါင်း ၂၀ မှ ၂၀၀ အထိ ဖြစ်လာခဲ့ပါတယ်။  အဲ့ဒီနောက် မှာတော့ အစိုးရဟာ Bitcoin Wallet အတွက် Register လုပ်သူတိုင်းကို ဒေါ်လာ ၃၀ တန်တဲ့ Bitcoin တွေပေးပြီးတော့ Bitcoin အသုံးပြုသူ များပြားလာအောင်လုပ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းအများစု ဟာလည်း Bitcoin ဖြင့် ငွေပေးချေမှု ကို စတင်လက်ခံပြီးဥပဒေ အတည်ပြုပြီးသည်နဲ့ တပြိုင်နက် ပြည်ပမှာ ရှိတဲ့ နိုင်ငံသားတွေမှ ပြည်တွင်းကို ငွေလွဲမှုများလည်းမြင့်တက်လာကြောင်း အစိုးရကနေပြီး ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် Bitcoin ရဲ့ စျေးမတည်ငြိမ်မှု တွေက နိုင်ငံ ရဲ့ စီးပွားရေး မှာ အန္တရာယ် ရှိနိုင်တယ်လို့ ပညာရှင်တချို့က ထပ်မံပြီး ပြောဆိုထားပါတယ်။ စိန်ခေါ် မှု များ ရှိသော် လည်း အစိုးရက သူတို့ ရဲ့ လုပ်ဆောင်မှု ကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ကတိပြုခဲ့ပါသေးတယ်။ နောက်ပြီး သမ္မတ Nayib Bukele က “Bitcoin က ကမ္ဘာသုံးငွေကြေးတစ်ခု ဖြစ်လာမယ်ဆိုတာ ကို သူယုံကြည်ပါတယ်၊ အချိန်တွေက အဲ့တာကိုသက်သေ ပြသွားပါလိမ့် မယ်” လို့ ပြောဆိုထားပါတယ်။

ကိုးကား: 
Aljazeera :  El Salvador passes law on cryptocurrency transfers
Reuters : El Salvador partnership to build $1 billion bitcoin mining farm

Bitcoin က El Salvador နိုင်ငံမှာ ဘယ်လို ကူညီပေးနေလဲ ?
Bitcoin ဟာ နိုင်ငံခြားရောက်နေတဲ့ El Salvador နိုင်ငံမှ နိုင်ငံသားတွေ ကနေသူတို့အိမ်ကို ငွေလွဲ ငွေပို့လုပ်တဲ့ အခါမှာ တော်တော်အဆင်ပြေတယ် “ အရင် တရား၀င် ငွေကြေးမဖြစ်ခင်က ငွေလွဲ ငွေပို့ လုပ်ရင် အခကြေးငွေတွေ အများကြီး ပေးရတယ် Bitcoin နဲ့က လွယ်လွယ်ကူကူလုပ်လို့ ရတယ် လို့ နိုင်ငံသားတစ်ယောက်က interview တစ်ခုမှာ ပြောပြထားပါတယ်။ နောက်ထပ်တစ်ခု ကတော့ ကျေးလက်ဒေသတွေနဲ့ ဘဏ်၀င်ဆောင်မှု ကောင်းမွန်စွာ မရရှိတဲ့ နေရာဒေသတွေမှာလည်း Bitcoin ဟာ ငွေပေးချေမှု စနစ်အတွက် များစွာအထောက်အကူပြုနေပါသေးတယ်။ El Salvador နိုင်ငံဟာ Bitcoin သုံးစွဲမှုဟာ တစနဲ့ တစ ပိုမို တိုးတက်လာပြီးတော့ နိုင်ငံရဲ့ စီးပွား‌ရေး တိုးတက် မှု မှာလည်း Bitcoin ဟာ ငွေကြေးဖောင်းပွ မှုများနဲ့ တခြားသော နိုင်ငံရဲ့ လူမှု ရေး အခွင့်အလမ်းများစွာ မှာ ကူညီပေးနေလျက် ရှိပါတယ်။ 
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

‌Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required