ကယ်ဆယ်ရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်တာ ရခိုင်ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ NUG ပြော

By ဂျူချန်း (မဇ္ဈိမ)
10 June 2023
ကယ်ဆယ်ရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်တာ ရခိုင်ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ NUG ပြော

ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ  ရခိုင်ပြည်သူတွေ အတွက် စိုးရိမ်စရာဖြစ်လို့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဖိအားပေးကိုင်တွယ်ဖို့ လိုအပ်တယ်လို့  ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်သင့်တဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့  နိုင်ငံတကာကူညီရေးအဖွဲ့တွေက ပြောဆိုနေချိန်မှာ စစ်ကောင်စီက အခုလိုသွားလာခွင့် ပိတ်လိုက်တာဟာ ရခိုင်လူထုကို ဒုက္ခပေးဖို့ အကြံအစည်ဖြစ်တယ်လို့ မုန်တိုင်းဘေးသင့် ပြည်သူတွေက ပြောပါတယ်။

ပြည်တွင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ အရေးပေါ်ကာလမှာပဲ ထောက်ပံ့ထားနိုင်ပြီး နိုင်ငံတကာက အကူအညီမရရင် ရေရှည်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

တည်းဖြတ်/တင်ဆက် ဂျူချန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly