ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ

ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ

ကိုးကန့်ဒေသမှာ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးတယ်လို့ MNDAA ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက် စစ်ကောင်စီက MNDAA ရဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတာပါ။

တပ်စခန်းတွေကို ထိုးစစ်ဆင်ရုံသာမက စစ်ကောင်စီတပ်တွေဟာ ဒေသခံအရပ်သားတွေသွားတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့တားမြစ်နေတယ်လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ကိုးကန့်သတင်းက ဖော်ပြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required