ထိုင်ဝမ်တွင် မိခင်ရင်းရှေ့၌ ၄ နှစ်အရွယ်ကလေးငယ်ကို ခေါင်းဖြတ်သတ်

ထိုင်ဝမ်တွင် မိခင်ရင်းရှေ့၌ ၄ နှစ်အရွယ်ကလေးငယ်ကို ခေါင်းဖြတ်သတ်

တိုင်ပေ၊ မတ်၊ ၂၉ ။              ။ ထိုင်ဝမ်တွင် ၄ နှစ်အရွယ်မိန်းကလေးငယ်ကို မိခင်ရင်းဖြစ်သူ၏ရှေ့၌ပင် အမျိုးသားတစ်ဦးက ခေါင်းဖြတ်သတ်ခဲ့သဖြင့် လူအများထိတ်လန့်တုန်လှုပ်လျှက်ရှိသည်။

၄ နှစ်အရွယ်မိန်းကလေးနှင့် သူမ၏မိခင်တို့သည် တနင်္လာနေ့မနက်က တိုင်ပေရှိ မြေအောက်ဘူတာရုံသို့အသွားတွင် ဓါးကိုင်ဆောင်ထား သော အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦး၏ တိုက်ခိုက်ခြင်း ကိုခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရချိန်တွင် သမီးဖြစ်သူသည် သူမ၏ရှေ့ခပ်လှမ်းလှမ်းတွင် စက်ဘီးစီးနင်းနေခဲ့ကြောင်း အသတ်ခံရသည့် ကလေးငယ်၏ မိခင်က ပြောကြားသည်။

အမျိုးသားတစ်ဦးက သူမ၏သမီးအနားသို့ချဉ်းကပ်သွားသည်ကိုမြင်သည့်အချိန်တွင် စက်ဘီးစီးနေသည့်ကလေးငယ်ကို ကူညီရန် အနားကပ်ခြင်းဖြစ်သည်ဟုထင်မိခဲ့သော်လည်း ယင်းအမျိုးသားက ဓါးဆွဲထုတ်ကာ သမီးဖြစ်သူကို ခေါင်းဖြတ်ခဲ့ ကြောင်း ကလေးငယ်၏ မိခင်က ပြောကြားသည်။

ထိုကဲ့သို့ ဓါးထုတ်ခါတိုက်ခိုက်သည့်အချိန်တွင် မိခင်ဖြစ်သူအမျိုးသမီးက တားဆီးရန်ကြိုးစားခဲ့သော်လည်း ခွန်အားခြင်းမမျှ သဖြင့် မအောင်မြင်ခဲ့ချေ။

သို့သော် ကလေးငယ်၏အော်သံကြောင့် ပတ်ဝန်းကျင်မှလူများရောက်လာခဲ့ပြီး ဓါးဖြင့်တိုက်ခိုက်သူကို ရဲများရောက်လာသည့်အချိန်ထိ ဝိုင်းဝန်းဖမ်းဆီးထားနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းမှုများအရ ကလေးငယ်ကိုခေါင်းဖြတ်ခဲ့သူသည် မျိုးရိုးအမည် ဝမ်ဟုအမည်ရပြီး ထိုနေ့အစောပိုင်းက ဆူပါမားကတ်တစ်ခုမှ ဓါးတစ်လက်ဝယ်ယူကာ ဘူတာရုံနား တွင်စောင့်ဆိုင်းနေခဲ့ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

ထိုသူသည် စိတ်ရောဂါဖြစ်ခဲ့ဖူးသည့် မှတ်တမ်းရှိသူဖြစ်ပြီး ယခုတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ကြုံရာကျပန်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က လက်တလော သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly