လွယ်လုံတိုက်ပွဲတွင်ကျဆုံးသွားသော KNDF/B-11 မှ ရဲဘော်မောင်ရဲမြင့်၏ စျာပနကျင်းပ

By ကိုဇာနည် (မဇ္စျိမ)
28 May 2023
လွယ်လုံတိုက်ပွဲတွင်ကျဆုံးသွားသော KNDF/B-11 မှ ရဲဘော်မောင်ရဲမြင့်၏ စျာပနကျင်းပ

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အစပ်ရှိ လွယ်လုံကျေးရွာ တွင်  မေလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အားတိုက်ခိုက်ရင်း  KNDF B/11 မှ ရဲဘော် မောင်ရဲမြင့် ကျဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်မောင်ရဲမြင့်၏ ဈာပန အခမ်းအနားအား ယနေ့ မေလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု KNDF / B-11 က ထုတ်ပြန်ထားသည်။

ရဲဘော်မောင်ရဲမြင့်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သဖြင့်  KNDF/B-11 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင် သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly