ရိက္ခာအခက်တွေ့နေသည့် လွိုင်ကော်အရှေ့ခြမ်း စစ်ဘေးရှောင်အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် ဆန်အိတ်များလှူဒါန်း

By ကိုဇာနည်(မဇ္စျိမ)
20 September 2023
ရိက္ခာအခက်တွေ့နေသည့် လွိုင်ကော်အရှေ့ခြမ်း စစ်ဘေးရှောင်အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် ဆန်အိတ်များလှူဒါန်း
စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းမှ  စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်နေရ‌သော  စစ်ဘေးရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော် အတွက် ကယားလီဖုလူငယ်အဖွဲ့က ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာပေါင်း ၃၀ မှ အိမ်ထောင်စု ၁၁၈၂ စုအတွက် အရေးပေါ်လိုအပ်နေသောဆန်ကိုသွားရောက် လှူဒါန်းခဲ့ခြင်းဟု ကယားလီဖုလူငယ်အဖွဲ့က ယမန်‌နေ့နှင့်ယနေ့ စက်တင်ဘာလ ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှ  စစ်ရှောင်စခန်းရှိရာနေရာများသည်  လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်‌ နေရာ၌ ရှိပြီး ပုံမှန်အလှူရှင်မရှိသောကြောင့် ဆန်ရိက္ခာ ပိုမိုခက်ခဲနေကြခြင်းဟု သိရသည်။

စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

အဆိုပါ စစ်ရှောင်စခန်းများ၌ လွိုင်ကော်မြို့ အနီးတဝိုက်မှ စစ်ဘေးရှောင်များနှင့် အနီးပတ်ဝန်းကျင်မြို့နယ်အချို့မှ လာရောက် တိမ်းရှောင်သူများအပါအဝင် လူဦးရေ ၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည်ဟု အရပ်ဘက်အဖွဲ့များက အကူအညီတောင်းထားသည်။

စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

လွိုင်ကော်မြို့တွင်  လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း  စစ်ကောင်စီတပ်က  လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

စစ်ဘေးရှောင်များအား ဆန်အိတ်များ ပေးဝေနေစဉ် Photo - Kayah Liphu Youth

စာတည်း - အေးချမ်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly