UNFC နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား၈ဖွဲ့ တွေ့ဆုံနေပြီ

UNFC နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား၈ဖွဲ့ တွေ့ဆုံနေပြီ
ဓာတ်ပုံ-ဖန်နိဒါ
 

ချင်းမိုင်(မဇ္ဈိမ)။              ။  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၈ ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khumphucome ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သည်။

NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားအဖွဲ့အစည်း ၈ ဖွဲ့က UNFC နှင့် တွေ့ဆုံဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှ ပဏာမတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းနိုင်ရန် (Delegation for EAO Unity -DEU)  ကိုယ်စားလှယ်အဖွဲ့မှ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပဒိုကွယ်ထူးဝင်တို့ ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးနှင့် UNFCမှ အထွေထွေ အတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သော “နိုင်ငံရေး ဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့”(Delegation for Political Negotiation (DPN)မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required