စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီအပါအဝင် လောင်စာဆီ ပေပါပုံး ၂၀၀ ကျော် မီးလောင်ကျွမ်း (ရုပ်/ သံ)

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီအပါအဝင် လောင်စာဆီ ပေပါပုံး ၂၀၀ ကျော် မီးလောင်ကျွမ်း (ရုပ်/ သံ)

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ Dohthek ကျေးရွာအနီးမှာ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆီအပါအဝင် လောင်စာဆီ ပေပါပုံး ၂၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဒုဗိုလ် ဆလိုင်းထန်းလွန်း မှ မဇ္ဈိမသို့ပြောသည်။

“ အထူးသဖြင့် ကားဆီ လေယာဉ်ဆီ သယ်တဲ့ကား ၅ စီး အကုန်လောင်တာ။ ပေပါပုံး အမျိုးအစားလိုက်တော့ ၂၀၀ ကျော်တယ် ” ဟု မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ဒုဗိုလ် ဆလိုင်းထန်းလွန်းက ဆိုသည်။

စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ရေးအရ မီဒီယာကို ချပြ၍မရဟု သူကဆက်လက်ပြောသည်။ သတင်းအပြည့်အစုံကို မဇ္ဈိမသတင်းထောက် Kim Mung က တင်ဆက်ထားသည်။

စာတည်း ။ ။ Alden
သတင်း ။ ။ Kim Mung
တည်းဖြတ် ။ ။ Thant Sin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required