“ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” စစ်ကြောင်းနှင့် ပူးပေါင်းဆန္ဒပြခဲ့သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
20 April 2023
“ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” စစ်ကြောင်းနှင့် ပူးပေါင်းဆန္ဒပြခဲ့သည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” သပိတ် စစ်ကြောင်းပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဧပြီလ ၂၀ ရက် ယနေ့တွင် လူထုသပိတ်သည် ဆန္ဒပြရက်ပေါင်း ၇၆၈ ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဟု သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly