နမ်းနိန့်မှာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီတပ်သားဝန်ခံ (ရုပ်/သံ)

By နောင်နောင် (မဇ္ဈိမ)
13 April 2023
နမ်းနိန့်မှာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီတပ်သားဝန်ခံ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ ခလရ (၂၄၇)က တပ်သား မောင်စည်သူလှိုင်က မဇ္ဈိမကို ပြောပါတယ်။

လားရှိုးမှာ စစ်သင်တန်း အပတ်စဉ် (၃/၂၀၂၂) တေဇတပ်ခွဲမှာ ငါးလခွဲကြာသင်တန်းတက်ခဲ့တဲ့ တပ်သား မောင်စည်သူလှိုင်၊ ကိုယ်ပိုင်နံပါတ် (တ-၅၇၇၃၃၃) ဟာ နမ်းနိန့်ရွာက အရပ်သားတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တားမြစ်နေတဲ့ကြားက ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်က ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ထက် မနည်း သေဆုံးခဲ့ပါ သေးတယ်။

ရိုက်ကူး = သူရ/မဇ္ဈိမ
တည်းဖြတ်/တင်ဆက် = နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required