ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်အတွက် အလှူငွေ နှင့် လုံခြုံရေးယူပေးရန် တစ်ရွာလျှင် လူနှစ်ဦး စစ်ကောင်စီတပ်ကလိုက်လံတောင်းခံနေကြောင်း ဒေသခံ များထံမှ သိရသည်။
စစ်ကောင်စီတပ်ကခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေး ရွာများမှ ငါးကန်လုပ်ငန်းနှင့် ကွမ်းရွက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှ မြို့နယ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်အတွက် အလှူငွေများကို ဧပြီလ ၅ ရက်နေ့မှစတင်ကာ လိုက်လံတောင်းခံနေခြင်းဖြစ် ကြောင်း သိရသည်။
“အဓိက သူတို့တောင်းတဲ့ပုံက မြို့နယ်မဏ္ဍပ်ကို စည်ကားအောင်လုပ်ဖို့ဆိုပြီး ငါးကန်ပိုင်ရှင်တွေ၊ ကွမ်းခြံ ပိုင်ရှင်တွေကို တစ်ကန်ကို ၁၀,၀၀၀ တောင်းတယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ဆို ငါးကန်ရှစ်ကန် ရှိတာ ညှိနှိုင်းပြီး ၆၀,၀၀၀ ပေးလိုက်ရတယ်။ မဏ္ဍပ်စရိတ်လား သူတို့အိတ်ထဲလားတော့ မသိဘူး” ဟု ကော့မှူးဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
ထို့ပြင် မဏ္ဍပ်လုံခြုံရေးတာ၀န်ယူရန်အတွက်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများမှတစ်ရွာလျှင် လူနှစ် ဦးနှုန်း လိုက်လံတောင်းခံနေမှုများလည်းရှိနေကြောင်း ဒေသခံများကဆိုသည်။
“သူတို့ချည်းပဲ လုံခြုံရေးယူဖို့က ကြောက်တယ်နဲ့တူတယ်။ အဲဒီတော့ ရွာပိုင်းတွေကနေ တစ်ရွာကိုနှစ် ယောက် အစောင့်ပုံစံမျိုးတောင်းနေတာပါ။ တချို့ရွာတွေမှာတော့ အုပ်ကြီးတွေက ရွာကလူတွေကို မခေါ် တော့ဘဲ သူ့လူတွေနဲ့လွှတ်ပေးလိုက်ဖို့ လုပ်နေကြတယ်။ တချို့ရွာတွေကျတော့လည်း ရွာထဲကလူနှစ် ယောက် မဖြစ်မနေလိုက်ရမယ့် အခြေအနေတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်လည်း သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွား ရန်အတွက် စစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ကာ မြို့နယ်အတွင်းရှိ အုပ် ချုပ်ရေးမှူးများနှင့် တာ၀န်ရှိသူများကိုမှာကြားသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မကြာခင် ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီး များတွင် စည်ကားစွာကျင်းပနိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးကာ ဖိအား ပေးလုပ်ဆောင်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ နေ့စဥ်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီကပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများတွင်ပါ၀င်ဆင်နွဲခြင်းမပြုဘဲ “တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးကြရန်” တော်လှန်ရေးအင်အားစုများက ပြည်သူများကို အသိပေးတောင်းဆို ထားသည်။
ပုံစာ - ကော့မှုးမြို့နယ်တွင်းတစ်နေရာ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ