ကရင်နီဒေသက စစ်ဘေးရှောင်တွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများ

By ဂျူချန်း မဇ္ဈိမ
25 March 2023
ကရင်နီဒေသက စစ်ဘေးရှောင်တွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများ

ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့်  သက်ကြီးရွယ်အို အဖိုးအဖွားများမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် HOPE- The Humanitarian Organization အဖွဲ့၏ ဒါရိုက်တာ ကိုစတီဗင်ကို ဆက်သွယ်မေးမြန်းထားသည်။

စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကြောင်းထိုးကာ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း အစရှိသည့် လုပ်ရပ်များ ပြုလုပ်နေသဖြင့် ကရင်နီပြည်နယ်တွင် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းနီးပါးရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRGက ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required