ရွှေဘိုခရိုင်မှ စစ်ဘေးရှောင်များအတွက် ရွေ့လျားအိမ်များ ဆောက်လုပ်ပေးမည် (ရုပ်၊သံ)

By KMN(မဇ္ဈိမ)
22 October 2023
ရွှေဘိုခရိုင်မှ စစ်ဘေးရှောင်များအတွက် ရွေ့လျားအိမ်များ ဆောက်လုပ်ပေးမည် (ရုပ်၊သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ရွေ့လျားအိမ်တွေဆောက်လုပ်ပေး ဖို့စီစဉ်နေတယ်လို့ စစ်ဘေးရှောင်ကူညီမှုပေးနေတဲ့  S&C အဖွဲ့တာဝန်ခံက ပြောပါတယ်။
ရွှေဘိုခရိုင်မှာရှိတဲ့ ရွှေဘို၊ ဒီပဲယင်း၊ ရေဦးနဲ့ မုံရွာခရိုင် အရာတော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ မကြာခဏထွက်ပြေးတိမ်းရှောင်နေရလို့ သူတို့အတွက် ဖြုတ်ရ တပ်ရလွယ်ကူတဲ့ ရွေ့လျားအိမ်တွေ ဆောက်လုပ်ပေးဖို့စီစဉ်ခြင်းဖြစ်တယ်လို့ S&C အဖွဲ့တာဝန်ခံက ဆိုပါ တယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly