စစ်ရေးလမ်းကြောင်းပေါ်သို့ ဂျပန် ပြည်လည်ရောက်ရှိခြင်းက အန္တရာယ်ရှိကြောင်း တရုတ် ပြောကြား 

By Reuters
21 March 2023
စစ်ရေးလမ်းကြောင်းပေါ်သို့ ဂျပန် ပြည်လည်ရောက်ရှိခြင်းက အန္တရာယ်ရှိကြောင်း တရုတ် ပြောကြား 

ဂျပန်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ပြည်ပခြိမ်းခြောက်မှုအကြောင်းပြချက်ဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို များစွာမြှင့်တင်ပြီး စစ်ရေးလမ်းကြောင်းသို့ ပြန်ဦးလှည့်လိုသည့် သဘောထားမှာ အလွန် အန္တရာယ်များကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၆ တွင် ပြောကြားသည်။

ဂျပန်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် လုပ်ရပ်များကို ရပ်တန့်သင့်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တန်ကီဖေးက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်မှုက ထိုင်ဝမ်ကို ကျူးကျော်ရန် တရုတ်အတွက် တွန်းအားဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် ၁၉၄၇ ခုနှစ်က စစ်ပွဲကို စွန့်လွှတ်ခဲ့သည့် ဂျပန်သည် အရှေ့တရုတ်ပင်လယ်တွင် တရုတ်က အင်အားအသုံးပြုနေခြင်းကို ဟန့်တားရန် ယမန်နှစ်က ၅ နှစ်သက်တမ်း စစ်ရေးတိုးချဲ့မှုအစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများသည် ဂျပန်ပိုင်နက်အတွင်းသို့ ၂၀၁၉ ခုနှစ်ကတည်းက ၃ ကြိမ် ထက်မနည်း ဝင်ရောက်ခဲ့သည်ဟု သံသယရှိကြောင်း ပြီးခဲ့သည့်လတွင် ဂျပန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
“သမိုင်းသင်ခန်းစာတွေကနေ သင်ယူဖို့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေမှာ အပြောအဆိုနဲ့ လုပ်ရပ်တွေ သတိရှိဖို့ ဂျပန်ဘက်ကို တိုက်တွန်းပါတယ်” ဟု တန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် စီစဉ်နေပြီး ယခင်နှစ်ကထက် ပိုများကာ အစိုးရ၏ စီးပွားရေးတိုးတက်မှု လျာထားချက်ထက်ပင် ပိုမိုမြန်ဆန်နေသည်။

ဂျပန်အပါအဝင် တရုတ်၏ အိမ်နီးချင်းနိုင်ငံများက အထူးသဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မကြာသေးမီနှစ်များအတွင်း တင်းမာမှုများ မြင့်တက်လာချိန်မှာ စစ်ရေးတွင် တရုတ်၏ ဗျူဟာမြောက် ရည်ရွယ်ချက်များနှင့်တိုးတက်မှုဖြစ်စဉ်များအပေါ် စိုးရိမ်နေကြသည်။

ကာကွယ်ရေးရည်ရွယ်ချက်အတွက် စစ်ရေးအသုံးစရိတ်သည် စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေပြီး ဝေဖန်သူများက ယင်းအခြေအနေအား ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြသည်။

"တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ကမ္ဘာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ဖြစ်ပါတယ်" ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တန်ကီဖေးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required