ရေပိုင်နက်ကျူးကျော်မှုများနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန် အပြန်အလှန် စွပ်စွဲ

By AP 
20 March 2023
ရေပိုင်နက်ကျူးကျော်မှုများနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန် အပြန်အလှန် စွပ်စွဲ

အရှေ့ တရုတ်ပင်လယ်ရှိ ဂျပန်ထိန်းချုပ်ထားသော ကျွန်းငယ်များနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အငြင်းပွားမှုမှာ ပိုမို ဆိုးရွားလာကာ နှစ်ဖက်စလုံးက ရေပြင်ပိုင်နက် ကျူးကျော်မှုအပေါ် အပြန်အလှန်စွပ်စွဲလျက်ရှိသည်။

ဂျပန်က ရှင်ကာကုဟုခေါ်ပြီး တရုတ်က သရောက်ယွီဟုခေါ်သည့် လူမနေသော ကျွန်းစုများကို ဂျပန်က ပိုင်ဆိုင်ကြောင်း ပြောကြားချက်ကို တရုတ်က ငြင်းဆိုပြီး ယင်းကသာ ပိုင်ဆိုင်ကြောင်း ပြောကြားထားသည်။

ထိုင်ဝမ်ကလည်း သရောက်ယွီတိုင်ဟုခေါ်သည့် ယင်းကျွန်းစုများကို ပိုင်ဆိုင်ကြောင်း ပြောကြားသော်လည်း ထိုင်ဝမ်ငါးဖမ်းသမားများအတွက် ဂျပန်နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးထားပြီး အငြင်းပွားမှုတွင် မပါဝင်ခဲ့ပေ။ 

တရုတ်က ကမ်းခြေစောင့်တပ်သင်္ဘောများနှင့် လေယာဉ်များကို ကျွန်းများအနီးတစ်ဝိုက် ရေပြင်နှင့် လေပိုင်နက် အတွင်းသို့ မကြာခဏ စေလွှတ်ကာ ယင်းဒေသရှိ ဂျပန်သင်္ဘောများကို နှောင့်ယှက်ခြင်းကြောင့် ဂျပန်လေယာဉ် များက အရေးပေါ်ပျံတက်ခြင်းများ ပြုလုပ်ခဲ့ရသည်။ 

တရုတ်သင်္ဘောများက ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ဂျပန်သင်္ဘောအချို့ကို နှင်ထုတ်ခဲ့ ကြောင်း တရုတ်ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှုများသည် အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ရန် ပုံမှန်ဆောင်ရွက်ချက်များဖြစ်ကြောင်း အမည်မဖော်လိုသူ ဂျပန်အရာရှိက ပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောများသည် ကျွန်းများတစ်ဝိုက်ရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင် ရောက်လာခြင်းကြောင့် ထွက်ခွာရန်နှင့် ယင်းဧရိယာအတွင်း ဂျပန်ငါးဖမ်းသင်္ဘောများထံ ချဉ်းကပ်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် လှုပ်ရှားမှုများသော တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် နှိုင်းယှဉ်ပါက အိုကီနာဝါနှင့် ထိုင်ဝမ်ကြားရှိ ရှင်ကာကု ခေါ် သရောက်ယွီကျွန်းစုများသည် မဟာဗျူဟာမြောက် အရေးမပါလှပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required