မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် တိုက်တွန်း

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် တိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ်က ကုလအထွေထွေ ညီလာခံမှာ  တိုက်တွန်းလိုက်ပါတယ်။

အခုရက်ပိုင်းကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ မြန်မာမှာ သက်ဆိုင်သူအားလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့   မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးရဖို့ အားလုံးပါဝင်တဲ့   တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဒေါင်ဟွမ်ဂိုင်က တိုက်တွန်းပြောကြားလိုက်တာပါ။

ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ထိခိုက်ခံစားနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာနေတဲ့အခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း သံအမတ်က ပြောကြားခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required