တစ်နှစ်စာ အမြီးအမောက်မတည့်သည့်အရာများကို သင်္ကြန်တွင် တကသအဖွဲ့ သံချပ်ထိုးမည်

တစ်နှစ်စာ အမြီးအမောက်မတည့်သည့်အရာများကို သင်္ကြန်တွင် တကသအဖွဲ့ သံချပ်ထိုးမည်
ဓာတ်ပုံ-ရွှေဘုတ် မဇ္စျိမ

ရန်ကုန်၊ မတ်လ  ၂၀ ။          ။ ၂၀၁၅ -၂၀၁၆ တစ်နှစ်လုံးတွင်  အမြီးအမောက် မတည့်ခဲ့သည့် အရာများကို သြင်္ကန်တွင်း၌ သံချပ်ထိုးမည်ဟု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုရဲဇာနည်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ ပညားရေးတင်မဟုတ်ဘူး၊ လူမှုရေး၊ စီးပွားရေးပေါ့ တစ်နှစ်လုံးမှာ ကျွန်တော်တို့တွေ့ကြုံခဲ့တဲ့ အရာတွေကို  သံချပ်ထိုးသွားမှာပါ" ဟု ၎င်းကပြောသည်။

တစ်နှစ်တာလုံးတွင် ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ခံစားချက်များကို တေးသီးချင်းအဖြစ် ရေးစပ်ပြီး ရန်ကုန်မြို့ပေါ်ရှိ မဏ္ဍပ်တိုင်းတွင်  လိုက်လံဖျော်ဖြေသွားမည် ဖြစ်သည်။ တကသအဖွဲ့မှ   မြင်သမျှအရာကို  ပြောရဲကြောင်း ရည်ရွယ်ကာ ဒေါင်းမျိုးဆက်တေးသီချင်းဖြင့် စဖွင့်ကာ သံချပ်ကားဖြင့် လိုက်လံဖျော်ဖြေမည်ဟုလည်းဆိုသည်။

သြင်္ကန်အကြို ပြင်ဆင်မှုအနေဖြင့် တေးသီးချင်းများရေးသားမှုများ ၊ သံချပ်တိုက်မှုများကို မြို့နယ်အလိုက် အကြိုလေ့ကျင့်နေပြီ ဟုလည်း သိရသည်။

တကသအဖွဲ့က ယခုနှစ်ဖျော်ဖြေမှုနှင့်ဆိုလျင် ငါးနှစ်မြောက် ဖျော်ဖြေခြင်းလည်းဖြစ်သည်။

ရန်ကုန်အပါအဝင် မြိတ်၊ ထားဝယ်၊ ဧရာဝတီ၊ မုံရွာ၊ ပဲခူး မြို့များရှိ တက္ကသိုလ်ကျောင်းသားများကွန်ယက်ရှိသည့် မြို့များတွင် လိုက်လံဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required