ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာတစ်လျှောက်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးနေတာတွေအပြင် စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ပါ ထပ်မံထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ NUG အစိုးရက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ် ခြေမြန်တပ်မ ၉၉ က အနည်းဆုံး လူ ၃၇ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
NUG အစိုးရဟာ မတ်လ ၆ ရက်မှာ အွန်လိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှာ လူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတကာရာဇဝတ်မှုခုံရုံးအနေနဲ့ ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှုအပြင် စစ်ကောင်စီ လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေး ဖို့ NUG အစိုးရက တောင်းဆို လိုက်တာပါ။