ဒိုင်အကျင့်ပျက်ခြစားမှုကိစ္စဟာ စပိန်ဘောလုံးလောကရဲ့ အဆိုးဆုံး အခိုက်အတန့်တိုင်းဖြစ်တယ် - လာလီဂါဥက္ကဌ

ဒိုင်အကျင့်ပျက်ခြစားမှုကိစ္စဟာ စပိန်ဘောလုံးလောကရဲ့ အဆိုးဆုံး အခိုက်အတန့်တိုင်းဖြစ်တယ် - လာလီဂါဥက္ကဌ

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာ ပါဝင်ပတ်သက်တဲ့ ဒိုင်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုကိစ္စကြောင့် ၎င်းရဲ့ အဆိုးရွားဆုံး အခိုက်အတန့်တိုင်းမှာ တည်ရှိနေတယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီယာ တီဘက်စ်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဒိုင်လူကြီးဟောင်းတစ်ဦးပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဆီ ယူရို ၇.၃ သန်း (ဒေါ်လာ ၇.၈ သန်း) ကျော်ပေးချေတယ်လို့ ဒီနှစ်အစောပိုင်းက ဖော်ထုတ်ခဲ့ပြီးနောက် စပိန်အစိုးရရှေ့နေတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကတ်တလန်ကလပ်ကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက သူတို့ဟာ ဒိုင်လူကြီးဟောင်းလည်းဖြစ်သူ စပိန်ဘောလုံးအဖွဲ့ချုပ် (CTA)ရဲ့ ဒိုင်လူကြီးများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဟောင်း ဟိုဆေး မာရီယာအင်းနရစ် နီဂရီယာကို ၁၉၉၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဒိုင်လူကြီးတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ အကြံဉာဏ်တွေအတွက် ပေးဆောင်ခဲ့ရတာလို့ ပြောပါတယ်။

"ဟုတ်ပါတယ်၊ ကျနော် အမှတ်ရနေမှာပါ။ (ဒါက အဆိုးဆုံးအခိုင်အတန့်ပဲ)"လို့ တီဘက်စ်က Movistar ရုပ်သံလိုင်း Vamos ကို ပြောပါတယ်။

"ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက အဆိုးဆုံးပါပဲ။ CTA ရဲ့ ဒုတိယဥက္ကဋ္ဌထံ ဘာစီလိုနာက အသိအမှတ်ပြုတဲ့ ပေးချေမှုတွေ ရှိပါတယ်၊ ဒါက ပုံမှန်မဟုတ်တဲ့ ကိစ္စပါ။

"တင်းမာမှုတွေ ဖြစ်ပေါ်လာတာကို နားလည်ပါတယ်။ ကျနော်တို့ ဘောလုံးလောကရဲ့ ဂုဏ်သတင်းက အရေးပါပါတယ်။ ကျနော် ရှက်ရွံ့မိပါတယ်။ ကျနော်တို့မှာ ဘာစီလိုနာကနေ ရှင်းလင်းချက် မရှိပါဘူး။

ဘာစီလိုနာအသင်းဥက္ကဌ ဂျုံးလာပေါ်တာက တနင်္လာနေ့က ပွဲတစ်ခုမှာ ပြောဆိုခဲ့ပြီး သူ့အသင်းကို "တိုက်ခိုက်မှု"တွေကနေ သူ ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်။

လာပေါ်တာဟာ သူ့ရဲ့မိန့်ခွန်းအတွင်း စိတ်လှုပ်ရှားခံစားမှု ပေါ်ထွက်လာခဲ့ပြီး ဒါဟာ အားနည်းချက်မဟုတ်ခဲ့ဘူးဆိုပေမယ့် ယင်းအစား သူ့ကလပ်အသင်းရဲ့ နှောင့်ယှက်သူတွေကို ရင်ဆိုင်လိုတဲ့ သူ့ဆန္ဒကို ပြသခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"အားနည်းချက်ကြောင့် ကျနော် စိတ်လှုပ်ရှားနေတယ်လို့ မထင်လိုက်ပါနဲ့၊ ကျနော်တို့ရဲ့ အမှတ်တံဆိပ်ကို ညှိုးနွမ်းစေမယ့် လှည့်စားလိမ်လည်သူတွေကို တကယ်ရင်ဆိုင်ချင်တာကြောင့် ကျနော် တကယ်ပဲ စိတ်ခံစားမှုပါလာတာပါ"လို့ လာပေါ်တာက ပြောပါတယ်။

“အဖြစ်မှန်နဲ့ ဘာမှ မသက်ဆိုင်တဲ့ ကျနော်တို့ရဲ့ ကလပ်တံဆိပ်ကို ဖျက်ဆီးဖို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

"ပြီးတော့ ဒါရိုက်တာဘုတ်အဖွဲ့ကို တာဝန်ယူထားတဲ့ ကျနော့် ဥက္ကဋ္ဌရာထူးနဲ့ ဒါကို အစွမ်းကုန် ကာကွယ်သွားမှာ သေချာပါတယ်။"

စပိန်သတင်းစာ El Pais က တနင်္လာနေ့က ဖော်ပြချက်အရ ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အင်းနရစ်နဲ့ အာနစ်တို ဗယ်လ်ဗာဒီကို တရားရုံးမှာ သက်သေတွေအဖြစ် ဆင့်ခေါ်ခံရမယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်ဥက္ကဌဖြစ်သူ ဖလော်ရင်တီနိုင် ပီရက်ဇ်က ဒီအမှုမှာ သူတို့အသင်းရဲ့ အကျိုးစီးပွားကို ထိပါးစေတဲ့ အခြေအနေတွေ ပါဝင်ရင် ဝင်ရောက်ဖြေရှင်းဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ကလပ်အသင်းနဲ့ မာရီယာ အင်းနရစ် နီဂရီယာတို့အပြင် အသင်းရဲ့ ဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်တဲ့ ဂျိုးဇက်မာရီယာ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်တို့လည်း အလားတူ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။

စပိန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေမှာ ငါးနှစ်ကန့်သတ်ချက် အခြေအနေတွေရှိတာကြောင့် ဘာစီလိုနာဟာ အားကစားဆိုင်ရာ အဆင့်မှာ ချက်ခြင်းအန္တရာယ်နဲ့မကြုံရကြောင်း လီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောပါတယ်။

တရားခံဟာ ပြစ်မှုဆိုင်ရာအဆင့်မှာ ထောင်ဒဏ် လေးနှစ်အထိ ကျခံရနိုင်ပါတယ်။

ကလပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ကုမ္ပဏီတစ်ခုအဖြစ် 'လှုပ်ရှားမှုရပ်ဆိုင်တာ ... အပြီးအပြတ်ဖျက်သိမ်းတာ' အထိ ဖြစ်နိုင်တယ်"လို့ Carlos III University of Madrid မှ ဥပဒေပါမောက္ခ Alberto Palomar က AFP ကို ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly