တိုင်းအစိုးရဖွဲ့ပြီးမှ ရန်ကုန်တိုင်းလွှတ်တော်ရေးရာကော်မတီများ ဆက်ဖွဲ့စည်းမည်

တိုင်းအစိုးရဖွဲ့ပြီးမှ ရန်ကုန်တိုင်းလွှတ်တော်ရေးရာကော်မတီများ ဆက်ဖွဲ့စည်းမည်

ရန်ကုန်၊ မတ် ၁၉ ။          ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ရေးရာ ကော်မတီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ ခန့်ထားပြီးမှ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌထံမှ သိရသည်။

" မလုပ်သေးပါဘူး။ ဝန်ကြီးအဖွဲ့ထွက်လာမှ လုပ်မှာ ခုက ဝန်ကြီးအဖွဲ့ မထွက်လာသေးဘူးလေ။ ဝန်ကြီးအဖွဲ့ ထွက်မှ သူနဲ့ ဆိုင်တဲ့ ကော်မတီရေးရာ ထွက်လာမှာပေါ့နော်။ ထိမ်းကျောင်းတာဆိုတော့ ကိစ္စတစ်ခုဖြစ်လာရင် သူ တို့နဲ့ အဲဒီရေးရာနဲ့ပေါ့။ အဲဒီလိုမျိုးပါ"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီ(၉)ခု ဖွဲ့စည်း မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့တွင် ဥပဒေကြမ်း ကော် မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ ကို ကြေညာခဲ့ပြီး ဖြစ်သည့်အတွက် ကော်မတီ(၇) ရပ်ဖွဲ့စည်းရန် ကျန်ရှိနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကော်မတီ ၂ရပ်ဖွဲ့စည်းရခြင်းမှာလည်း လွှတ်တော် ဒုတိယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့သည့်အတွက် ဖွဲ့စည်း ရ ခြင်း ဖြစ်ကြောင်းလည်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ကော်မတီဖွဲ့စည်းသည့် နေ့ကပင် လွှတ် တော်အစည်းအဝေးအတွင်း၌ ပြောကြားထားသည်။

လက်ရှိတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးအား ရပ်နားထားပြီး ကော်မတီ အ စည်းဝေးများသာ ကျင်းပနေခြင်း ဖြစ်ပြီး အစည်းဝေးကို မတ် ၂၂ ရက်နေ့တွင် ပြန်လည် ကျင်းပသွားမည် ဖြစ်သည်။

ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးသိန်းမြင့်နှင့် အတွင်းရေးမှူး အ ဖြစ် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝင်းမောင်၊  ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော် မတီ ဥက္ကဋ္ဌအဖြစ် ဆိတ်ကြီး ခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန္ဒာမင်းနှင့် ဒဂုံမြို့နယ် မဲဆန္ဒနယ်  အ မှတ်(၂)မှ ဦးကျော်ဇေယျ တို့အား ရွေးခြယ်တာဝန်ပေးခဲ့အပ်ခဲ့ပြီး ကော်မတီနှစ်ရပ်တွင် အဖွဲ့ဝင် (၁၁)ဦး စီပါ ဝင် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required