လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
05 March 2023
လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ယနေ့ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို အင်အားအများအပြားဖြင့်  ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လူထုသပိတ်လှုပ်ရှားမှုတွင် “စစ်ကျွန်ဘဝ လွတ်မြောက်ဖို့၊ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ် မှောက်စို့” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များက ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသော်လည်း  ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်ကျွန်ဘဝမှလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ဖက်ဆစ် ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက စည်းရုံးပြောဆိုသည်။

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly