စဉ့်ကူးမြိုနယ် နွယ်ရုံရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးဟုဆို

စဉ့်ကူးမြိုနယ် နွယ်ရုံရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးဟုဆို

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ဒရုန်း ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဗိုလ်လင်းယုန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒရုန်းသုံးစင်းနဲ့ ဗုံးသီးခြောက်လုံးချပြီးတိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ သိထားပါတယ်။ မြေပြင်စောင့်ကြည့် ရဲဘော်ကစောင့်ကြည်ခဲ့တာမှာ အလောင်းထုတ် တာ၊ ဒဏ်ရာရသူတွေထုတ်သွားတာတွေကို မြင်ခဲ့ရတယ်” ဟုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နွယ်ရုံရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့အင်အား ၁၅ ဦးဝန်းကျင်ခန့်သာရှိပြီး စခန်းရှေ့ တွင်ဂိတ်ချကာ ပြည်သူများကိုစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။
၎င်းက “ စခန်းရှေ့မှာဂိတ်ချတယ်၊ ပြည်သူတွေကို စစ်ဆေးတာ ရိုက်နှက်တာတွေ အမြဲလုပ်တယ်” ဟု ပြောသည်။

နွယ်ရုံရဲစခန်းကိုတိုက်ခိုက်ခြင်းသည် ဒုတိယအကြိမ်မြောက်တိုက်ခိုက်ဖြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုကို ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ စဉ့်ကူး မြို့နယ်(ပ.က.ဖ)၊ ဧရာဝတီပျံလွှား Sky Hero(Madaya)၊ ARDF တော်လှန်ရေးအင်အားစုနှင့် Peacock Warrior Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly