ထိုင်ဝမ်ကို ကာကွယ်ကူညီပေးနိုင်ရေးအပေါ် သြစတြေးလျနှင့် နယူးဇီလန်တို့ကို  အမေရိကန်လွှတ်တော် အမတ် မေးခွန်းထုတ် 

By CAN 
02 February 2023
ထိုင်ဝမ်ကို ကာကွယ်ကူညီပေးနိုင်ရေးအပေါ် သြစတြေးလျနှင့် နယူးဇီလန်တို့ကို  အမေရိကန်လွှတ်တော် အမတ် မေးခွန်းထုတ် 

တရုတ်ကျူးကျော်လာပါက ထိုင်ဝမ်အား ကူညီကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး အမေရိကန်မဟာမိတ်နိုင်ငံအချို့၏ ပါဝင်လိုမှုအပေါ် အမေရိကန်ဝါရင့်အထက်လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များ မရောက်ရှိမီ ထိုင်ဝမ်၏ ခုခံကာကွယ်နိုင်စွမ်းကိုလည်း စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။
ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်စစ်ပွဲဖြစ်ပွားပါက အမေရိကန်နှင့် ဂျပန်တို့က  တုံ့ပြန်မည်ဟု  တရုတ်သမ္မတ ရှီကျင့်ဖျင်က မျှော်လင့်ထားချိန်တွင် တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလင်ကန်လွှတ်တော်အမတ် ဂျွန်ကောနင်းက မဟာမိတ်များ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်ပြီး ယုံကြည်စိတ်ချမှု သိပ်မရှိကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျနှင့် နယူးဇီလန်တို့က ထိုင်ဝမ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ကျူးကျော်မှု ကို တွန်းလှန်မည့် တပ်ဖွဲ့ဝင်များကိစ္စနှင့်ပတ်သက်ပြီး ကတိကဝတ်ပြုရန် လိုနေသေးသည်ဟု ဝါရှင်တန်ဒီစီအခြေစိုက် ပညာရှင်အဖွဲ့ ဖြစ်သည့် အမေရိကန်လုပ်ငန်းအဖွဲ့အစည်းက ကျင်းပသော တရုတ်၊ ရုရှားနှင့် အမေရိကန်ဆိုင်ရာ စစ်ရေးအသင့်ဖြစ်မှု အခြေအနေဆွေးနွေးပွဲအတွင်း ကောနင်းက ပြောကြားခဲ့သည်။ 
အလားအလာရှိသော ကျူးကျော်မှုအတွင်း ထိုင်ဝမ်ကို ကူညီရန် သြစတြေးလျနှင့် နယူးဇီလန်တို့၏ ဆန္ဒကိုလည်း ကော်နာက မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ကောနင်းက တရုတ်ကျူးကျော်မှုကို ခုခံကာကွယ်ရန် ထိုင်ဝမ်၏ အဆင်သင့်ဖြစ်မှုအပေါ် သံသယဝင်ခဲ့သည်။
စစ်ကူများရောက်လာသည်အထိ ထိုင်ဝမ်က ရက်သတ္တပတ်အနည်းငယ်ကြာအောင် တောင့်ခံနိုင်မှု ရှိ၊ မရှိကိုလည်း ကောနင်းက မေးခွန်းထုတ်ခဲ့သည်။
ထိုင်ဝမ်သည် ကျွန်းတစ်ကျွန်းဖြစ်ပြီး လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် ထောက်ပံ့ရမည်ဖြစ်ကာ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်းလမ်းဆက်သွယ်မှုရှိသည့် နိုင်ငံတွင်းအထိ အကူအညီဝင်ပေးနိုင်သော  ယူကရိန်းနှင့် အခြေအနေ အလွန်ကွာခြားကြောင်းလည်း ကောနင်းက မှတ်ချက်ပြုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required