ပြည်ပလုပ်သားခေါ်ယူခြင်းကို မလေးရှား ရပ်တန့်ပြီ

ပြည်ပလုပ်သားခေါ်ယူခြင်းကို မလေးရှား ရပ်တန့်ပြီ

ကွာလာလမ်ပူ၊ မတ် ၁၂ ။         ။ မလေးရှားနိုင်ငံက ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းအား ရုတ်ခြည်းချက်ချင်း ရပ်တန့်လျက်ရှိနေကြောင်း မတ် ၁၂ ရက်က ကြေညာသည်။

သို့သော် မတ် ၁၁ ရက် ကက်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့သည့် ပြည်ပအလုပ်သမားများအား ခေါ်ယူခြင်း ရပ်ဆိုင်းခြင်းတွင် အိမ်အကူအလုပ်သမားများ ခေါ်ယူခြင်း မပါဝင်ကြောင်း ဒုတိယဝန်ကြီးချုပ် အမတ်ဇာဟစ်ဟာမီဒီက ပြောသည်။

နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခန့်ထားလိုသည့် အလုပ်ရှင်များအနေဖြင့် နေထိုင်ခွင့်ပါမစ်သက်တမ်းလွန်နေသူများအပါအဝင် ပြည်တွင်း၌ ရှိပြီး နိုင်ငံခြားသားအလုပ်သမားကိုပဲ ခေါ်ယူသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယခုလုပ်ဆောင်မှုသည့် မလေးရှားနိုင်ငံ ကနဦးက စီစဉ်ထားသည့် ဘင်္ဂလားဒေ့ရှ်အလုပ်သမား တစ်သန်းခွဲ ခေါ်ယူရေးအစီအစဉ်လည်း ပိတ်သိမ်းပစ်ရမည်ဖြစ်သည်။

အထက်ပါ ကက်ဘိနက်ဆုံးဖြတ်ချက်အား လိုက်နာခြင်း ပျက်ကွက်သည့် အလုပ်ရှင်များ၊ အလုပ်သမားများအေဂျင့်များအနေဖြင့် ကြိမ်ဒဏ် အပြစ်ပေးခံရမည်လည်းဖြစ်သည်။ "ခုနေခါမှာ အလုပ်ရှင်နဲ့ အေဂျင့်တွေက အလုပ်သမားတွေ ခေါ်ယူတာ အမျှင်မပြတ်သေးတဲ့အတွက် ပြစ်ဒဏ်နဲ့ ဒဏ်ငွေရိုက်တာ ပေးလို့မရတာကြောင့် တရားရုံးအနေနဲ့ ကြိမ်ဒဏ် ပေးရတာပဲဖြစ်ပါတယ်။"ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ငွေဒဏ်မရိုက်ဘဲ ကြိမ်ဒဏ်သာပေးခြင်းသည် အစိုးရအနေနဲ့ ယခုဆုံးဖြတ်ချက်မှတစ်ဆင့် အကျိုးအမြတ်ထုတ်လို၍ဟူသော စွပ်စွဲချက်များအား ချေဖျက်ပြီးဖြစ်ကြောာင်း ဒုတိယဝန်ကြီးချုပ် ဟာမီဒီက ထပ်လောင်းပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required