သြစတြေးလျတွင် ကမ္ဘာ့အသေးဆုံးမျောက်လေးနှစ်ကောင် မွေးဖွား

သြစတြေးလျတွင် ကမ္ဘာ့အသေးဆုံးမျောက်လေးနှစ်ကောင် မွေးဖွား

ဟယ်လင်စ်ဘာ့ဂျ်၊ မတ်၊ ၉ ။          ။ သြစတြေးလျရှိ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်ခုတွင် မာမိုဆက်မျောက်ပုမျိုးနှစ်ကောင်မှနေ၍ ကမ္ဘာ့အသေးဆုံးအဖြစ် မှတ်တမ်းဝင်သည့်   မျောက်လေးနှစ်ကောင်မွေးဖွားခဲ့သည်။

နယူးဆောက်သ်ဝေးပြည်နယ်ရှိ ဆမ်ဘီယိုဘေးမဲ့တောမှ တာဝန်ရှိသူများသည် အသစ်မွေးဖွားလာသော မျောက်ငယ်လေး များ ၎င်းတို့မိခင်၏ကျောပေါ်တွင်ခိုလျက်လိုက်ပါနေပုံ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ကြသည်။

အိုက်တီနှင့် ဂိုမက်ဇ်ဟု အမည်ပေးထားသောယင်းမျောက်ငယ်လေးနှစ်ကောင်သည် အလေးချိန် ၁၅ ဂရမ်သာရှိပြီး ကမ္ဘာ့အသေးဆုံးမျောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

မာမိုဆက်မျောက်ပုများသည် အများဆုံးအဖြစ် အလေးချိန် ၃ အောင်စထိ ရောက်ရှိနိုင်ပြီး အပြည့်အဝအရွယ်ရောက်သည့် အချိန်မှာပင် လူ့လက်အတွင်း ထည့်ထားနိုင်လောက်အောင်အထိ   သေးငယ်လေ့ရှိသည်။

ယခုမွေးဖွားလာသည့် မျောက်ငယ်လေးနှစ်ကောင်မှာ ထိုကဲ့သို့ လူ့လက်ဖဝါးအတွင်းထည့်နိုင်လောက်အောင် သေးငယ် သည့် ၎င်းတို့မိခင်၏ကျောပေါ်တွင်   နှစ်ကောင်ပူး သက်သောင့်သက်သာ လိုက်ပါနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ အရွယ်အစားမည်မျှအထိသေးငယ်သည်ဆိုသည်မှာ ပေါ်လွင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required