ရေတွင်းတူးမည့် ပရဟိတအဖွဲ့များကို အဝီစိတူးဖော်စက်နှင့် လူအင်အား ထောက်ပ့ံမည်

ရေတွင်းတူးမည့် ပရဟိတအဖွဲ့များကို အဝီစိတူးဖော်စက်နှင့် လူအင်အား ထောက်ပ့ံမည်

ပြင်ဦးလွင်၊ မတ် ၉ ။              ။ မန္တလေးတိုင်းဒေသကြီးးအတွင်း ရေရှားပါးနေသည့် ကျေးလက်ဒေသများတွင် အဝီစိတွင်းများတူးဖော်၍ လှူဒါန်းလိုသည့် ပရဟိတအဖွဲ့များကို အဝီစီ တူးဖော်စက်နှင့် လူ ငါးဦး ကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း  ပြင်ဦးလွင်မြို့နယ်၊အနောက်ကြူအင်းကျေးရွာ သာယာငွေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍိတ က မိန့်ကြားသည်။

" ပူးပေါင်းလုပ်ဆောင်တဲ့သဘောပေါ့။ သူတို့လေးတွေအတွက်လည်း ကုန်ကျမှုသက်သာသွားမယ်လေ။တစ်တွင်းတူးဖော်မှာကနေ နှစ်တွင်းတူးနိုင်သွားမယ်ပေါ့။ဘုန်ကြီးက ဒီလိုပံ့ပိုးလို့လည်း လာပူပေါင်းတဲ့ ပရဟိတအသင်းကို ဝင်ပြီးစွက်ဖက်မှာလည်းမဟုတ်ဘူး။ သူတို့စိတ်ကြိုက် အသုံးပြုရုံပဲ။စက်တွေလာသယ်တဲ့ သည်ယူစရိတ်တော့ သူတို့က ခံပေးရမယ်ပေါ့။"ဟု ဆရာတော် ဦးပဏ္ဍိတ က မိန့်ကြားသည်။

ရေရှားပါးခက်ခဲ နေသည့် သတင်းများမြင်တွေ့နေရသည်မှာ စိတ်နှလုံးမချမ်းသာခြင်းကြောင့် တစ်ထောင့်တစ်နေရာမှနေ၍ ပါဝင်ကုသိုလ်ပြုခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးအနေဖြင့်လည်း ၂၀၁၅ ခုနှစ် မတ်လ မှစတင်၍ ရေတွင်းတူးဖော်လှူဒါန်းခဲ့ပြီး  ၂၀၁၆ ခုနှစ်၊မတ် ၉ ရက်အထိ ကျပ်သိန်း ၂၀ တန် ၁၃ တွင်း လှူဒါန်းခဲ့ပြီးဖြစ် သည်ဟု ဆရာတော် ဦးပဏ္ဍိတ က မိန့်ကြားသည်။

ရေရှားပါသည့်ကျေးလက်ဒေသများနှင့်တူးဖော်လှူဒါန်းမည့် လူမှုပရဟိတ အသင်းများအနေဖြင့် ဆရာတော် ဦးပဏ္ဍိတ (သာယာငွေတောင်ကျောင်းတိုက်) ဖုန်း ၀၉၃၂၆၄၂၇၄၂ ၊ ၀၉၂၅၈၃၁၀၉၂၄ နှင့် ဆရာတော် ဦးစိန္တာမဏိ(စံပျော်ရာကျောင်းတိုက်)၀၉၄၀၂၆၀၃၅၉၁ တို့ကို ဆက်သွယ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required