တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများအပြီး ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့လာ

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများအပြီး ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့လာ

တရုတ်နိုင်ငံတစ်ဝန်းတွင် အသွားအလာပိတ်ဆို့မှုများအဆုံးသတ်ရန်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်များပိုမိုရရှိရန် တောင်းဆိုသော ဆန္ဒဖော်ထုတ်ပွဲများအပြီးတွင် မြို့ကြီးများ၌ ရောဂါစမ်းသပ်မှုများနှင့် သီးခြားခွဲထား စောင့်ကြည့်ရေးစည်းမျဉ်းများအပါအဝင် ကိုဗစ်ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးလာသည်။

တရုတ်က ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးချထားခြင်း၊ အွန်လိုင်းဆင်ဆာဖြတ်တောက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းနှင့် လူများအားစောင့်ကြည့်ခြင်းများလုပ်ဆောင်ကာ ဆန္ဒပြမှုများကို ထိန်းချုပ်ရန် လုံခြုံရေး ယန္တရားကို အလျင်အမြန် မြှင့်တင်ခဲ့သည်၊

တရုတ်နိုင်ငံအလယ်ပိုင်ဟူပေပြည်နယ်ရှီ ယီချန်းမြို့ရှီ အလယ်တန်းကျောင်းအပြင်ဘက်တွင် လူဒါဇင်ပေါင်းများစွာနှင့် အဖြူရောင်ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသော ကျန်းမာရေးလုပ်သားများ ခိုက်ရန်ဖြစ်ပွားနေသည့် ဗီဒီယိုဖိုင်သည် ဒီဇင်ဘာ ၁ ရက်တွင် လူမှုမီဒီယာပေါ်သို့ ရောက်ရှိလာသည်။

ဗီဒီယိုတွင်ပါဝင်သူများမှာ ကိုဗစ်ကူးစက်ခံရပြီး သီးခြားခွဲထားဆောင်သို့ ခေါ်ဆောင်ခံရသည့် ကျောင်းသားများ၏ မိဘများဖြစ်ကြောင်း ပို့စ်တင်သူက ရေးသားထားသည်။

ပေကျင်း ချောင်ယန်းခရိုင်မှ ဒေသအာဏာပိုင်များက ရောဂါကူးစက်ခံရသူများသည် ယခုအခါ သီးသန့်ခွဲထားစောင့်ကြည့်သည့်စင်တာသို့ သွားစရာမလိုတော့ကြောင်း ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်လာသည်။

ဗဟိုအစိုးရတာဝန်ရှိသူများကလည်း ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျော့ပေးမည်ဖြစ်ကြောင်း အချက်ပြခဲ့ကြသည်။

အိုမီခရွန်မျိုးကွဲသည် အားပျော့လာပြီး ကာကွယ်ဆေးထိုးနှုန်းများမှာလည်း မြင့်တက်လာကြောင်း တရုတ်ဒုဝန်ကြီးချုပ် ဆန်ချန်လန်က နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံကျန်းမာရေးကော်မရှင်ရုံး၌ ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူမြို့တွင် အများသူငှာသွားလာသောနေရာများသို့ ဝင်ခွင့်ရရန်နှင့် မြေအောက်ရထားစီးရန် ကိုဗစ်ကင်းစင်ကြောင်းအထောက်အထားမလိုတော့ဘဲ ကူးစက်မှုမြင့်မားသော အန္တရာယ်ရှိသည့်နေရာများသို့ သွားမထားကြောင်းအတည်ပြုသည့် အစိမ်းရောင်ကျန်းမာရေးကုဒ်သာ လိုသည်ဟု ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly