နိုဝင်ဘာလ ၂၄ ရက်
မန္တလေးလေးအိုးဘိုထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရတယ်လို့ သတင်းပေးခိုင်း ပါတယ်။
ဟိုတနေ့က အဖြစ်ပျက်တစ်ခု ဖြစ်သွားပါတယ်။ ဆိုက်ထဲမှာ ကွမ်းတံတွေးထွေးတာကနေ စပါတယ်။ နိုင်/ကျဉ်းနှစ်ယောက် ဆိုက်တစ်ခုမှာအလုပ်လုပ်နေရင်း ကွမ်းတံတွေးထွေးလိုက်တော့ အကျဉ်းဦးစီး ၀န်ထမ်းသန့်ဇင်မိုးဆိုတဲ့သူက မင်းတို့အဲဒီနေရာ ထွေးလို့မရတာမသိဘူးလားဆိုတော့ နိုင်/ကျဉ်းထဲက တစ်ယောက်က ကျွန်တော်တို့မသိလို့ပါဆိုပြီး ကောင်းကောင်းမွန်မွန်ပြန်ပြောတာကို ထွေးမယ့်နေရာမသိ ရကောင်းလားဆိုပြီး နားမဝံသာ ဆဲဆိုးကြိမ်းမောင်းပါတယ်။ ဘေးမှာရှိတဲ့ နိုင်/ကျဉ်းတစ်ယောက်က အဲဒီ အကျဉ်ဦးစီး၀န်ထမ်းသန့်ဇင်မိုးကိုကြည့်မိတာ မင်းကဘာကြည့်တာလဲဆိုပြီး ဆက်ဆဲပါတယ်။
နောက်တော့ မင်းတို့ငါနဲ့ အထဲရောက်ရင်တွေ့မယ်ဆိုပြီး Main Jail တွေကို အဲဒီ၀န်ထမ်းက နိုင်/ကျဉ်းနှစ် ယောက်က သူ့ကိုဆဲပါတယ်ဆိုပြီး လီဆယ်ပြီးတိုင်လိုက်တာ အထဲရောက်တော့ Main Jail တွေက နိုင်/ကျဉ်းနှစ်ယောက်ကို အချက်နှစ်ဆယ်လောက် ရစရာမရှိအောင် ရိုက်ကြပါတယ်။
နောက်တော့ နှစ်ယောက်လုံးကို နေရာပြောင်းလိုက်ပါတယ်။ နိုင်/ကျဉ်းတွေကို ၀န်ထမ်းတချို့က နှိပ်စက် ကြလွန်းလို့ သူတို့မငြိအောင် အတတ်နိုင်ဆုံးရှောင်ပါတယ်။
၀န်ထမ်းတွေမှာ ကောင်းတဲ့သူလည်းရှိသလို မကောင်းတဲ့သူလည်း ရှိတာကြောင့် နိုင်/ကျဉ်းတွေက အဆင်ပြေအောင်နေကြပေမယ့် ၀န်ထမ်းတစ်ချို့ ကတော့ အငြိုးထားနှိပ်စက်တတ်ကြပါသေးတယ်လို့ သတင်းပေးခိုင်းလိုက်ပါတယ်။
နှိပ်စက်သူ ထောင်၀န်ထမ်းသန့်ဇင်မိုးက အခုလက်ရှိမှာ အိုးဘိုရပ်ကွက်အတွင်းမှာ နေထိုင်ပါတယ်။ နောက်ပြီး သူကထောင်တွင်းမှာဆေးခြောက်တွေရောင်းနေတဲ့သူလို့လည်း အကျဉ်သားတွေကြား သတင်း ထွက်နေသူ ဖြစ်ပါတယ်။