တရုတ်က ပြစ်တင်ကန့်ကွက်နေသော်လည်း လစ်သူယေးနီးယားသည် ထိုင်ဝမ်ကို ပွင့်ပွင့်လင်းလင်းထောက်ခံ

တရုတ်က ပြစ်တင်ကန့်ကွက်နေသော်လည်း လစ်သူယေးနီးယားသည် ထိုင်ဝမ်ကို ပွင့်ပွင့်လင်းလင်းထောက်ခံ

ထိုင်ဝမ်ကလစ်သူယေးနီးယားနိုင်ငံမြို့တော်ဗီးနပ်စ်တွင်၂၀၂၁ခုနှစ်နှောင်းပိုင်းတွင်သံတမန်ရေးဆိုင်ရာမှတ်တိုင် အဖြစ် ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီးနောက် ဘောလ်တစ်နိုင်ငံဖြစ်သော လစ်သူယေးနီးယားသည် တရုတ်ကပြစ်တင်ကန့်ကွက်နေသော်လည်းထိုင်ဝမ်ကိုပွင့်ပွင်းလင်းလင်းအထောက်ခံဆုံးနိုင်ငံ ဖြစ်လာနေသည်။

အာဏာရှင်အစိုးရများကိုဆန့်ကျင်တိုက်ခိုက်နေခြင်းကြောင့်နှစ်နိုင်ငံစလုံးသည်ထိုင်ဝမ်ကဲ့သို့ဖြစ်လာပြီးပိုမို ပူးပေါင်းဆောင်ရွက်လာခြင်းဖြစ်ကြောင်းလစ်သူယေးနီးယားပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သည့်ပါဗေလီယန်းနစ်က CommonWealth မဂ္ဂဇင်းတွင်ရေးသားဖော်ပြထားသည်။

လစ်သူယေးနီးယားသည်သမိုင်းတစ်လျှောက်လွတ်လပ်ရေးကိုလိုလားတောင့်တခဲ့ပြီးဘုရင်စနစ်ဖြစ်စေ၊ဆိုဗီယက်ယူနီယံဖြစ်စေယခင်ကအာဏာရှင်စနစ်ဖိနှိပ်ချုပ်ချယ်မှုများမှလွတ်လပ်မှုကိုကာကွယ်ရန်ကိုယ်ပိုင်ဆုံးဖြတ်နိုင် သည့်အထ ိပြောင်းလဲလာခဲ့ကြောင်းပါဗေလီယန်းနစ်ကပြောကြားခဲ့သည်။

၁၇+၁အဖွဲ့ဖွဲ့စည်းရန်တရုတ်ကအဆိုပြုသည့်အခါယင်းသည်အခြားလှည့်ကွက်တစ်ခုဖြစ်ကြောင်းသဘောပေါက်ခဲ့သည်ဟု၎င်းကပြောကြားခဲ့သည်။

ကွန်မြူနစ်တရုတ်နှင့်ကုန်သွယ်ခြင်းကဥရောပနိုင်ငံတစ်ဝက်ကို အနောက်ကမ္ဘာမှ ခွဲထုတ်ပြီးကျွန်ပြုမှုကြောင့် လမ်းခွဲခဲ့ကြောင်းဆိုသည်။

ဥရောပသမဂ္ဂသည်ထိုင်ဝမ်နှင့်ကုန်သွယ်မှုတိုးတက်ရေးအတွက်လမ်းကြောင်းအသစ်များဖော်ဆောင်သင့်ကြောင်း၊“ယင်းကဒီမိုကရေစီနိုင်ငံပေါင်းချုပ်အဖွဲ့ဖြစ်လာနိုင်ပြီး၊လွတ်လပ်မှုအတွက်နည်းလမ်းပေါင်းစုံဖြင့်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း”၎င်းကထပ်မံပြောကြားခဲ့သည်။

ဥရောပနိုင်ငံအများအပြားသည်တရုတ်နှင့်ပတ်သက်ပြီးရုရှားတွင်ပြုလုပ်ခဲ့သည့်အမှားများကိုပင်ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်းပါဗေလီယန်းနစ်ကသတိပေးခဲ့သည်။

လစ်သူယေးနီးယားတွင်ထိုင်ဝမ်ဟူသောအမည်မှန်ကိုတရားဝင်အသိအမှတ်ပြုထားပြီးတိုင်ပေကိုယ်စားလှယ်ရုံးအမည်ဖြင့်မဟုတ်ဘဲ"ထိုင်ဝမ်" အမည်နှင့်ဖွင့်လှစ်ခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly