SHINee အဖွဲ့ဝင် ထယ်မင်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြင့် ပြန်လာမည်

SHINee အဖွဲ့ဝင် ထယ်မင်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြင့် ပြန်လာမည်

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ SHINee အဖွဲ့ဝင် ထယ်မင်းသည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြင့် လာမည့်သီတင်းပတ်တွင် ဂီတလောကသို့ ပြန်လာမည် ဖြစ်သည်။

ထယ်မင်းသည် တေးအယ်လ်ဘမ်ကို အွန်လိုင်းတေးဂီတ ဆိုဒ်များမှတစ်ဆင့် ဖေဖော်ဝါရီ ၂၃ ရက် ကိုရီးယား စံတော်ချိန် ညသန်းခေါင်ယံအချိန်တွင် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်။

အဆိုပါ တေးအယ်လ်ဘမ်တွင် တေးသီချင်းစုစုပေါင်း ၁၀ ပုဒ် ပါဝင်မည် ဖြစ်သည်။

ထယ်မင်းသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ၎င်း၏ ပွဲဦးထွက် တစ်ကိုယ် တော် တေးအယ်လ်ဖြင့် တေးဂီတလောကသို့ တစ်ကိုယ်တော် ပြန်လာသည့် ပထမဆုံး SHINee အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

ထယ်မင်းသည် ၂၀၁၄ ခုနှစ် သြဂုတ်လက မီနီတေးအယ်လ်ဘမ် “ACE” ကို ထုတ်လွှင့်ခဲ့ရာ ခေါင်းစဉ်တေးသီချင်း “Danger” သည် တေးဂီတနှင့် တေးဂီတ ဗီဒီယိုဇယားများတွင် အလျင်အမြန် နေရာ ရယူခဲ့သည်။

“Danger” တေးသီချင်းသည် တေးဂီတအစီစဉ်များတွင် အများဆုံး ဖျော်ဖြေမှု ရရှိခဲ့ပြီး  ထယ်မင်းသည် “Music Bank” နှင့် “Music Core” ကဲ့သို့သော အစီစဉ်များတွင် အကြိမ်များစွာ ပထမနေရာကို ရယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required